Agriculture
ခင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧက (၄၀၀) ကျော် ရေနစ်မြုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု (၈) အုပ်စုရှိ တောင်သူ (၁၉၄) ဦး၏ မိုးစပါးစိုက်ဧက (၄၉၂) ဧက ရေနစ်မြုပ်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကသိရသည်။
စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီက မိုးရွာသွန်းမှု ကြောင့် စိုက်ဧက များ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရေနစ်မြုပ်မှုကြောင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး မိုးစပါးစိုက်ဧက ပျက်စီးမှုရှိမရှိကို မသိရှိသေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)