Connect with us

Agriculture

မောင်တောဒေသရှိ စပါးစိုက်ဧက ၇၂၀၀၀ကျော်ကို အစိုးရ ထောက်ပံ့မည်

မောင်တောဒေသရှိ မိုးစပါးစိုက်ခင်းအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ စပါးစိုက်ဧက ၇၂၀၀၀ကျော်အတွက် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် နည်းပညာ၊ မျိုးစပါးနှင့် ရိတ်သိမ်းခြွေလှေ့စက်များကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

“နည်းပညာနဲ့ မျိုးစပါးက အစ တောင်သူတွေကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်းပံ့ပိုးပေးနေပါတယ်။ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ တည်ငြိမ်အေးချမ်းဖို့လိုပါတယ်”ဟု ၎င်းက ဆိုသည်။မောင်တောဒေသတွင် ဒေသခံများ စားဝတ်နေရေးအဆင်ပြေရန်အတွက်

စိုက်ပျိုးရေးနှင့် ပတ်သက်၍ နည်းပညာ၊ မျိုးစပါး၊ စက်ကရိယာများ ထောက်ပံ့ပေးမည့်အပြင် ရေချိုရေငန် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း အတွက်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ လယ်ဧကပေါင်း၁၂ သိန်း ကျော်ရှိသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းလည်ပတ်နိုင်ရန်အတွက် ဘတ်ဂျက် ၁ ဒသမ၅ ဘီလီယံကျထား ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် အကြမ်းဖက်မှုပြသနာကြောင့်ခေတ္တရပ်နားထားရကြောင်း၊ ပြည်နယ်အစိုးရ အနေဖြင့်လည်း ယခုနှစ်တွင် နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရန်အတွက် စီစဉ်ဆောင်ရွက်နေချိန်တွင် အကြမ်းဖက်ပြသနာပေါ်ပေါက်လာခြင်းဖြစ်ကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)