Connect with us

Agriculture

မောင်းသူမဲ့ လေယာဉ်နည်းပညာဖြင့် မြေပုံရေးဆွဲရေး အဖွဲ့စတင်ဖွဲ့စည်း

နေပြည်တော် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တွင် လယ်/ ဆည် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ အဖွင့် မိန့် ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

သဘာ၀ ဘေးအန္တရာယ်များအား အချိန်မီ တုံ့ပြန်နိုင်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ ပိုမို ထိရောက်စေရန်အတွက် မောင်းသူမဲ့ လေယာဉ်ဖြင့် မြေပုံတိုင်းတာ ရေးဆွဲခြင်း အဖွဲ့နှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု လျှော့ချရေးအဖွဲ့ကို စတင် ဖွဲ့စည်း၊ မိတ်ဆက်သည့် အခမ်းအနားကို နေပြည်တော် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် သုတေသန ဌာနတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ သည်။

စိုက်ပျိုးရေး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ သဘာဝဘေးကြောင့် ပျက်စီးသော စိုက်ခင်း များ အပါအဝင် ဆုံးရှုံးပျက်စီးမှုများကို အချိန်တိုအတွင်း တိုင်းတာနိုင်သည့် မောင်းသူမဲ့ လေယာဉ်ဖြင့် မြေပုံရေးဆွဲခြင်းနည်းပညာနှင့် မောင်းသူမဲ့ လေယာဉ် လေးစင်းတို့ကို FAO က လှူဒါန်းခဲ့ပြီး အဆိုပါ drone mapping ဆိုင်ရာ သင်တန်းများကို စတင်သင်ကြားလျက်ရှိရာ မကြာမီ လက်တွေ့ အသုံးချနိုင် တော့မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် များစွာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း အခမ်းအနားသို့တက်ရောက်လာသည့် ပြည်ထောင်စု ဝန်ကြီးနှစ်ဦးနှင့် FAO မှ နည်းပညာ အကြံပေး ပုဂ္ဂိုလ်တို့က ပြောကြားခဲ့ကြသည်။

အဖွင့် မိန့်ခွန်း ပြောကြားသော စိုက်ပျိုးရေး၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက “သဘာ၀ ပတ်ဝန်းကျင် ပြောင်းလဲခြင်းဟာ အထူးသဖြင့် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍမှာ အလွန်ပဲ ခြောက်လှန့်လျက်ရှိပါတယ်၊ မြန်မာနိုင်ငံအနေနဲ့ ဒီ Climate Change တွေရဲ့ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ရေးအတွက် အထူး ဂရုစိုက်ဆောင်ရွက်နေပါတယ်၊ သဘာ၀ ဘေး အန္တရာယ်ရဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန်ရာမှာ အလွန် အသုံးဝင်လှတဲ့ ဒီ Drone Mapping ကို အသုံးပြု သွားမှာ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

သစ်တော၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းကလည်း Drone Mapping တွင် ယခုကဲ့ သုံးဘက်မြင် ဓာတ်ပုံရိုက်စနစ်ပါ Drone များကို အသုံးပြုခြင်းအားဖြင့် အချိန်၊ ငွေနှင့် လူအင်အားများကို လျှော့ချပေးနိုင်ကြောင်း၊ အချိန်တိုအတွင်းမှာ ကျယ်ပြန့်သော ဧရိယာများကို တိကျစွာ တိုင်းတာ ပြီးစီးနိုင်ကြောင်း၊ လယ်ယာနှင့် ဆည်မြောင်း လုပ်ငန်းများအတွက် သာမက သစ်တော လုပ်ငန်းများအတွက်ပါ အကျိုးကျေးဇူး များပြားလှပြီး သဘာ၀ ဘေးကြောင့် ဆုံးရှုံးမှု လျှော့ချရေးနှင့် ပြန်လည်တည်ထောင်ရေး လုပ်ငန်းများအတွက် ကောင်းစွာ စွမ်းဆောင်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

သဘာဝဘေးကြောင့် ပြီးခဲ့သည့် ဆယ်နှစ် (၂၀၀၅ မှ ၂၀၁၄) အတွင်း တစ်ကမ္ဘာလုံးတွင် ပျက်စီး ဆုံးရှုံးခဲ့ရသည့် ပမာဏမှာ ပစ္စည်း တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ထရီလျံ၊ ဘေးဒဏ်ခံစားရသူ ဦးရေ ၁ ဒသမ ၇ ဘီလျံနှင့် သေဆုံးသူ ၀ ဒသမ ၇ သန်း ရှိခဲ့သည်ဟု FAO ၏ သဘာဝဘေးကြောင့် ဆုံးရှုံးမှု လျှော့ချရေးနှင့် ရာသီဥတု အပြောင်းအလဲဆိုင်ရာ နည်းပညာ အကြံပေး ပုဂ္ဂိုလ် Dr. Stephan Baas က ပြောကြားခဲ့သည်။

အဆိုပါ Drone လေယာဉ်များသည် သဘာဝဘေးကြောင့် အပျက်အစီးများ တိုင်းတာခြင်းအပြင် စိုက်ခင်းများပေါ်သို့ ပိုးသတ်ဆေးဖြန်းခြင်း၊ မြေစာရင်းဌာနအတွက် တိုင်းတာပေးခြင်းတို့ကိုပါ ဆောင်ရွက်နိုင်ကြောင်း၊ ယခု ပွင့်လင်းရာသီမှစပြီး တောင်သူများအတွက်ပါ ကွင်းဆင်း ဆောင်ရွက် ပေးနိုင်တော့မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.