Agriculture
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မိုးစပါး ဧက လေးသိန်းကျော် စိုက်ပျိုးမည်

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မိုးစပါး ဧက လေးသိန်းကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
၂၀၁၇-၂၀၁၈ ခုနှစ် မိုးရာသီ၌ စပါး ၄၃၇၃၉၄ ဧကစိုက်ပျိုးရန်လျာထားပြီး လျာထားဧကပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ မိုးမိတ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ ဟိုပန်ခရိုင်နှင့် မက်မန်းခရိုင်ရှိမြို့နယ်တို့နှင့် ကျန်’ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဒေသခံတောင်သူများက မိုးရာသီသီးနှံများစိုက်ပျိုးကြရာ လယ်စပါး၊ တောင်ယာစပါးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည်။(Xinhua)