Connect with us

Agriculture

ဖျာပုံခရိုင်တွင် မိုးစပါးဧက ရှစ်သိန်းကျော်စိုက်ပျိုးမည်

စပါးစိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ စပါးစိုက်ပျိုးရေးကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီးက သုံးပုံတစ်ပုံ တာဝန်ယူထားသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၏ ၂ဝ၁၇ ခုနှစ် မိုးစပါးဧက ၃၇ သိန်းကျော် စိုက်ပျိုးရာတွင် ဖျာပုံခရိုင်သည် ၃ဝ ရာခိုင်နှုန်းကျော် တာဝန်ယူစိုက်ပျိုး မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂ဝ၁၇-၂ဝ၁၈ မိုးစပါးစိုက်ပျိုး ရာသီတွင် ဖျာပုံခရိုင်သည် ဧက ၈၂၈,၄၆၅ စိုက်ပျိုးရန် လျာထားရာ ဇူလိုင် ၃၁ ရက်အထိ ဧက ၆၈၈,၉ဝ၇ စိုက်ပျိုးပြီးဖြစ်၍ ၈၃.၁၅ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးချိန် စိုက်ပျိုးစရိတ် အခက်အခဲမရှိစေရေးအတွက် သြဂုတ် ၂ ရက်က ဖျာပုံမြို့နယ် လယ်ယာဖွံ့ဖြိုး ရေးဘဏ်မန်နေဂျာ ဒေါ်ခင်စောဝတီ မြင့်အား တွေ့ဆုံမေးမြန်းရာ လယ်သမားဦးရေ ၄၇၉၆ ဦးရဲ့ လယ် ဧက ၄ဝ၆၆၃ အတွက် ငွေကျပ် ၆,ဝ၉၉,၄၅ဝ,ဝဝဝ ထုတ်ချေးပေးပြီးဖြစ် ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.