Connect with us

Culture & Entertainment

မြန်မာ့ အမွေအနှစ် ၊ ကမ္ဘာ့အမွေအနှစ် ဖြစ်သည့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများ ခင်းကျင်း ပြသမည့် ပြတိုက်ကို မကွေးတိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက်ရှိ

ပုံတောင် ဒေသတွင် တူးဖော် တွေ့ရှိရသော မြန်မာ့ ကျောက်ဖြစ် ရုပ်ကြွင်းများအား တွေ့ရစဉ် (ဓာတ်ပုံ - အင်တာနက်)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် တွေ့ရှိရသော ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများ အပါအဝင် ကျောက်ဖြစ် ရုပ်ကြွင်းများကို ခင်းကျင်း ပြသသွားရန် ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနသည် ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်း ပြတိုက်ကို မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၌ တည်ဆောက် လျက်ရှိကြောင်း သိရသည်။

မြန်မာ့ အမွေအနှစ်နှင့် ကမ္ဘာ့ အမွေအနှစ်လည်း ဖြစ်သည့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်းများ၊ လိပ်ကျောက် ဖြစ်ရုပ်ကြွင်းများ အပါအဝင် မြန်မာ့ မြေပေါ်မှ တွေ့ရသော ကျောက်ဖြစ် ရုပ်ကြွင်းများကို ဝိုင်းဝန်း စောင့်ရှောက် ကာကွယ် ထိန်းသိမ်းကြရာတွင် လည်းကောင်း၊ အများအပြား စုဆောင်း ရရှိထားသည့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်း များကို တွေ့ရှိရသည့် ဒေသတွင်ပင် ခင်းကျင်း ပြသနိုင်ရန်နှင့် ဒေသတွင်းသို့ လာရောက်သူများ လေ့လာနိုင်ရန် လည်းကောင်း၊ ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်း သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရာတွင် လည်းကောင်း၊ ဝါသနာရှင် မျိုးဆက်သစ်များကို အနာဂတ်တွင် ပညာရှင်များ ဖြစ်လာအောင် လက်ဆင့်ကမ်း လေ့ကျင့် ပြုစုပျိုးထောင် ပေးရာတွင် လည်းကောင်း အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။

ယနေ့အထိ မြန်မာ့ မြေပေါ်တွင် သုတေသနပြု ရှာဖွေ တွေ့ရှိရသည့် အဆင့်မြင့် ကျောက်ဖြစ် ရုပ်ကြွင်း အထောက်အထားများသည် သက်တမ်းအားဖြင့် နှစ်ပေါင်း (၃၇) သန်းမှ သန်း (၄ဝ) အတွင်း သက်တမ်း ရှိသည့် အတွက် ကမ္ဘာ့အခြားနေရာများတွင် ရှာဖွေ တွေ့ရှိရသည့် ကျောက်ဖြစ် ရုပ်ကြွင်း အထောက် အထားများထက် ပိုမို ရှေးကျကြောင်း ၊ ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်း သုတေသနပြု လေ့လာ တွေ့ရှိချက်များသည် မြန်မာ့ သမိုင်းအတွက် အရေးပါသည့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများ ဖြစ်သကဲ့သို့ ကမ္ဘာ့သမိုင်း အတွက်လည်း အရေးပါလှသည့်၊ ကမ္ဘာ့ တစ်ဝန်းလုံးက အသိအမှတ် ပြုရမည့်၊ ကမ္ဘာ့ တစ်ဝန်းလုံး နှင့်လည်း သက်ဆိုင်သည့် ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.