Connect with us

Culture & Entertainment

ရန်ကုန်မြို့ UNESCO ၏ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင်နိုင်ရန် အလားအလာ ရှိဟုဆို

ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အဦး တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရှေးဟောင်း သမိုင်းဝင် ရွှေတိဂုံ စေတီတော်နှင့် ကိုလိုနီခေတ် အဆောက်အအုံ များစွာရှိသည့် ရန်ကုန်မြို့သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) ၏ ကမ္ဘာ့ အမွေအနှစ် သမိုင်းဝင်နိုင်ရန် အလားအလာရှိကြောင်း UNESCO မြန်မာ (ယဉ်ကျေးမှု) ၏ အမျိုးသား အဆင့် စီမံကိန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့သည် သမိုင်းဝင် အမွေအနှစ် မြို့အဖြစ် UNESCO ၏ ကမ္ဘာ့ စာရင်း ဝင်နိုင်ရန် အနေအထားမှာ ရွှေတိဂုံ စေတီတော်နှင့် ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံ များကြောင့် သာမက တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုး ပေါင်းစုံတို့ စုဝေး နေထိုင်ရာမြို့ကြီး ဖြစ်သည့် အတွက် ယင်းအချက်များမှာ ပဏာမ စာရင်း လျှောက်ထားပါက ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

UNESCO ၏ ကမ္ဘာ့ အမွေအနှစ် သမိုင်း ဝင်နိုင်ရေးအတွက် ကနဦး ပဏာမ စာရင်း တင်သွင်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပျူ မြို့ဟောင်းကို ကမ္ဘာ့ အမွေအနှစ် သမိုင်းဝင်ရန် လုပ်ဆောင် ခဲ့ပြီးနောက် ပုဂံမြို့ဟောင်းနှင့် မြောက်ဦးမြို့တို့ကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ဆက်လက် ကြိုးပမ်းနေပြီး ယင်းမြို့ နှစ်မြို့၏ လုပ်ဆောင်ချက်များ ပြီးစီးပါက ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်ကိုလည်း ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရန် အစီအစဉ် ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်နှင့် ဦးစီးဌာနမှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117