Connect with us

Culture & Entertainment

ရှေးဟောင်း ဝတ္ထု ပစ္စည်းများကို စုဆောင်းသူ၊ ထိန်းသိမ်းသူ၊ ပြောင်းရွှေ့သူ၊ ဝါသနာရှင်၊ စေတနာရှင်များ အနေဖြင့် ဥပဒေ နှင့် အညီလိုက်နာရန် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်

မြန်မာ့ ရှေးဟောင်း အနုပညာ တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရှေးဟောင်း ဝတ္ထု ပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို၂၀၁၅ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၄၃ ဖြင့် ပြဋ္ဌာန်းထားရှိပြီး ဖြစ်သည့် အတွက် ရှေးဟောင်း ဝတ္ထု ပစ္စည်းများကို စုဆောင်းသူ၊ ထိန်းသိမ်းသူ၊ ပြောင်းရွှေ့သူ၊ ဝါသနာရှင်၊ စေတနာရှင်များသည် ဥပဒေ နှင့်အညီ လေးစား လိုက်နာရန် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ရှေးဟောင်း ဝတ္ထု ပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄၃ ဖြင့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပြီး ဖြစ်ကြောင်း၊ အဆိုပါ ဥပဒေအရ မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်ရှိ နှစ်ပေါင်း (၁၀၀) နှင့် အထက်ရှိသည့် ကျောက်ဖြစ် ရုပ်ကြွင်း အပါအဝင် လူသားတို့ ပြုလုပ် သုံးစွဲခဲ့သော အရာ ဝတ္ထုများ ဖြစ်သော ရှေးဟောင်း ဝတ္ထု ပစ္စည်းများကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက် လေ့လာ သုတေသန ပြုနိုင်ရန် အတွက် ရှေးဟောင်း ဝတ္ထု ပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို၂၀၁၅ ခုနှစ် ကို ပြဋ္ဌာန်း အတည်ပြုပြီး ဖြစ်သည့်အတွက် ရှေးဟောင်း ဝတ္ထု ပစ္စည်း များကို စုဆောင်းသူ၊ ထိန်းသိမ်းသူ၊ ပြောင်းရွှေ့သူ၊ ဝါသနာရှင်၊ စေတနာရှင်များသည် လည်းကောင်း၊ တရားမဝင် စီးပွားရေး အလို့ဌာ သယ်ယူ ပို့ဆောင်နေသူများသည် လည်းကောင်း၊ ပြည်ပသို့ မည်သည့် အကြောင်းနှင့် မဆို သယ်ဆောင် နေသူများသည် လည်းကောင်း၊ နိုင်ငံသားတိုင်းက မပျက်မကွက် အလေးအနက်ထား ဖတ်ရှု၍ ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ကြပါရန် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ နှိုးဆော်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)