Connect with us

Culture & Entertainment

ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိပဲခူးကလပ်အဆောက်အအုံကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည်

ပဲခူးကလပ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

၁၈၈၂ ခုနှစ်တွင် ဗစ်တိုးရီးယားခေတ် ဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့သော ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်း၏ ရုရှားသံရုံးရှေ့တွင်ရှိသည့် ပဲခူးကလပ် အဆောက်အအုံအား ရန်ကုန်မြို့ ပြအမွေအနှစ်တစ်ခု အဖြစ် ယခုလကုန်တွင် အပြာရောင်ကမ္ပည်းပြားတပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ပြ၏ အမွေအနှစ်များအဖြစ် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့တော်ခန်းမအား ပထမဆုံး အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်ခဲ့ပြီး ဗဟိုအမျိုးသမီး ဆေးရုံအား ၂၉ ခုမြောက်အဖြစ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခဲ့ရာ အခု ၃၀ မြောက်အဖြစ် ပဲခူးကလပ် အဆောက်အအုံကို ဆက်လက်တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်စီမံကိန်း အရာရှိ ဦးသူရိန်အောင်က ပြောသည်။

မြန်မာပြည် လွတ်လပ်ရေးမရမီ အရှေ့တောင်အာရှတွင် ရန်ကုန်မြို့ရှိ ပဲခူးကလပ်မှာ နိုင်ငံခြားသားများ အပန်းဖြေရာ နေရာတစ်ခုအဖြစ် ထင်ရှားကျော်ကြားခဲ့ပြီး နည်းပညာပါသော လက်ရာများနှင့်အတူ အခန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားလျက် ကျွန်းသားများဖြင့် တည်ဆောက်ထားသော အဆောက်အအုံ ဖြစ်သောကြောင့် နှစ်ပေါင်းရာကျော် အဆောက်အအုံကို ၂၀၁၈ ခုနှစ်တွင် ပြန်လည်ပြုပြင် ထိန်းသိမ်းခဲ့ပြီး ဝေလမင်းသား အခန်း၊ ဝင်န်ဆာအခန်းတို့ကို ဆက်လက်ပြုပြင်လျက် ရှိကာ ဧက ၄၀ ကျော်ရှိသော မြေနေရာတွင် အဆောက်အအုံများကို မူရင်းအတိုင်းဆက်လက ထိန်းသိမ်းပြုပြင်လျက် ရှိသည်။ နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိသည့် ပဲခူးကလပ် အဆောက်အအုံအား မေလကုန်တွင် ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်သွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.