Connect with us

Culture & Entertainment

ရှမ်းစော်ဘွားကြီးများ၏ ရှားပါး ဝတ်စုံပြပွဲ အမျိုးသားပြတိုက်(ရန်ကုန်)၌ ခင်းကျင်းပြသ

ပြပွဲတွင် ခင်းကျင်းပြသထားမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ - MORAC – CultureNews )

ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

“ ရှမ်းစော်ဘွားကြီးများ၏ ရှားပါး ဝတ်စုံပြပွဲ (Exhibition of the Rare Traditional Costumes of the Shan SawBwas)” ကို ဇွန် ၉ ရက်မှ ၁၆ ရက် အထိ ရန်ကုန်မြို ့၊ ဒဂုံမြို့နယ်ရှိ အမျိုးသား ပြတိုက်(ရန်ကုန်)၌ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီး ဌာနထံမှ သိရသည်။

အဆိုပါ ပြပွဲတွင် ရှမ်းစော်ဘွားများ၏ ရှားပါးပြီး လက်ရာမြောက်သည့် ရှေးခေတ် အဆက်ဆက် ဝတ်ဆင်ခဲ့သော အဝတ်အထည်များ နှင့် ရာထူးအဆင့်အလိုက် ဝတ်ဆင် ကြသည့် ဝတ်စုံ ၃၀ ကို ပထမဆုံး အကြိမ် ခင်းကျင်း ပြသခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းစော်ဘွားများ၏ ရှားပါးပြီး လက်ရာမြောက်သည့် ရှေးခေတ်အဆက်ဆက် ဝတ်ဆင်ခဲ့သောဝတ်စုံများကို ရေရှည် တည်တံ့ စေရေး ထိန်းသိမ်း သန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး အများ ပြည်သူ လေ့လာ ကြည့်ရှု နိုင်ရေး အတွက် ပြုလုပ် ကျင်းပသည့် ယခု ပြပွဲကာလ ပြီးဆုံးပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ညောင်ရွှေယဉ်ကျေးမှုပြတိုက်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံသမိုင်းတွင် အထင် အရှား ရှိခဲ့ပြီး မျက်မှောက်ခေတ် လူငယ်၊ လူရွယ်၊ လူလတ်ပိုင်းများ လက်လှမ်းမီခြင်း မရှိခဲ့သည့် နယ်မြေ ဒေသအသီးသီးက ရှမ်းစော်ဘွားတို့၏ ရှားပါးသည့် ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများကိုယခုပွဲတွင် မြင်တွေ့ခွင့်ရရှိမည် ဖြစ်ကြောင်း ဇွန် ၉ ရက်တွင် ပြုလုပ်သော ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယခုပြပွဲမျိုး ကျင်းပပြုလုပ်ပေးခြင်း အားဖြင့် တိုင်းရင်းသားလူမျိုး တစ်မျိုးအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုး ထားသည့်စိတ်၊ ထိန်းသိမ်းလိုသည့် စိတ်များ တိုးပွားလာစေရန်သာမက ရှမ်းလူမျိုးအများစုနေထိုင်ရာဒေသ ရှိပြတိုက်များတွင် ခင်းကျင်းပြသ နိုင်ပါကလည်း ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းရရှိနိုင်မှာ ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117