Connect with us

Culture & Entertainment

Miss Myanmar International 2016 ပြိုင်ပွဲ စက်တင်ဘာလ ၄ရက်နေ့တွင် ကျင်းပမည်

Miss Myanmar International 2016 ပြိုင်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Tourism Marketing)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

Myanmar Tourism Marketing မှ ကြီးမှူးကျင်းပမည့် Miss Myanmar International 2016 ပြိုင်ပွဲအား စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ရှိ Melia Hotel ၌ ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Tourism Marketing မှ တာဝန်ရှိသူ မဝင်နီက ဆင်ဟွာကိုပြောကြားခဲ့သည်။

မဝင်နီက “ ကျွန်မတို့ ဆီကို Miss Myanmar International အနေနဲ့ လျောက်ထားသူတွေထဲက ကျွန်မတို့ သတ်မှတ်ချက်တွေ နဲ့ ကိုက်ညီတဲ့ အလှမယ် ၃၆ ယောက် ကို ဒီနေ့လူတွေ့စစ်ဆေးပြီး ရွေးချယ်မှာပါ။ အဲဒီအလှမယ် ၃၆ ယောက်ထဲက အလှမယ် ၂၀ Top 20 ကိုရွေးချယ်မှာ ဖြစ်ပါတယ်’’ ဟုပြောသည်။
ရွေးချယ်ခံရသည့် Top 20 စာရင်းဝင် အလှမယ်များအား စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ၊ ပြိုင်ပွဲကြီးအား စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ Miss Myanmar International ပြိုင်ပွဲ တွင် သရဖူရရှိမည့် အလှမယ်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် အလှမယ်ပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။
မဝင်နီက “ဒီပွဲဟာ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ပွဲဖြစ်တဲ့အတွက် winner ဆုရရှိတဲ့ အလှမယ်ဟာ ခရီးသွားပြပွဲတွေကိုလည်း သွားရမှာဖြစ်ပါတယ်’’ ဟုပြောသည်။ Miss Myanmar International ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ်သည် နန်းခင်ဇေယျာဖြစ်ပြီး Miss Internet ဆုကို ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.