Connect with us

Culture & Entertainment

မစ်မြန်မာအင်တာနေရှင်နယ် ၏ Talent Show သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပမည်

မစ်မြန်မာအင်တာနေရှင်နယ် Top 20 အလှမယ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- မစ်မြန်မာအင်တာနေရှင်နယ်)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

မစ်မြန်မာအင်တာနေရှင်နယ် ၏ Talent Show အား သြဂုတ်လ ၂၆ရက်နေ့ နေ့လည် ၂နာရီ မှ ၄နာရီအထိ Chatrium Hotel Yangonတွင် ကျင်းပသွားမည် ဖြစ်ပြီး၊ Miss Myanmar International 2016 အလှမယ်ရွေးချယ်ပွဲအား စက်တင်ဘာလ ၄ရက်နေ့ ညနေတွင် Melià Hotel, Yangon (ကမ္ဘာအေးဘုရားလမ်း) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Talent Show တွင် ပြိုင်ပွဲဝင် အလှမယ် (၂၀) ယောက်လုံး မိမိနှစ်သက်ရာ ပင်ကိုစွမ်းရည်ဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး Miss Talent ဆုအား Grand Final ကျင်းပမည့် စက်တင်ဘာလ ၄ရက်နေ့တွင် ကြေငြာ၍ ဆုချီးမြှင့်သွားမည် ဖြစ်သည်။
Miss Myanmar International 2016 Grand Final ပြိုင်ပွဲတွင် နာမည်ကျော် တေးသံရှင်များရဲ့ ဖျော်ဖြေမှုများနှင့် အခြားသော ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး၊ ပရိတ်သတ်များအတွက် လက်မှတ်များလည်းရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်မှတ်ဝယ်ယူရရှိနိုင်မည့် နေရာများနှင့်လက်မှတ်ဈေးနှုန်းများကိုလည်း မကြာခင် အချိန်အတွင်းမှာ ကြေငြာပေးပါမည်ဟု Miss Myanmar International Organization မှ သတင်းထုတ်ပြန်သည်။ Miss Myanmar International 2016, 1st Runner Up, 2nd Runner Up တို့ အပြင် Miss Popular, Miss Green နှင့် Miss Talent တု့ိအတွက်လည်း ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.