Connect with us

Culture & Entertainment

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ကျင်းပစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက မြို့တော်နေပြည်တော်၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်မားရေးကို ရှေးရှု၍ ၁၉၅၂ ခုနှစ်က စတင်ပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ရေးအကဲဖြတ်အဖွဲ့သည် မြန်မာ့ရုပ်ရှင်လောကသား ထူးချွန်ထက်မြက်သည့် အနုပညာရှင်အတတ်ပညာရှင်များကို ရွေးချယ်ကာ ထူးချွန်ဆုချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည် ၇၄ နှစ်အတွင်းတွင် (၆၇) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ကျင်းပစဉ် (ဓာတ်ပုံ- MOI)

အဆိုပါအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၁ (MICC1) ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ရာ မြန်မာ့ရုပ်ရှင်သည် မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်များကို ကမ္ဘာနှင့် ဆက်သွယ်ပေးနိုင်သည့် ဘာသာစကားတစ်ခုဖြစ်ပြီး လူမျိုးတို့၏ ဘာသာစကားများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ လူနေမှုဘဝများကို ကမ္ဘာသို့ထုတ်ပြနိုင်သည့် မီဒီယာတစ်ခုလည်းဖြစ်ကြောင်း၊ ရုပ်ရှင်အနုပညာရှင်များကလည်း ပြည်သူများကို ဖျော်ဖြေရေးသက်သက်သာမက နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ချစ်စဖွယ်မြန်မာ့ဓလေ့မြန်မာ့စရိုက်၊ မြန်မာ့ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများကို ဖော်ညွှန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန်မှာကြားလိုကြောင်း၊ ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာလိုက်ပါလျက် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့တတ်ကျွမ်းသည့် အနုပညာကို အခြေတည်ပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။၂၀၂၅ ခုနှစ် အခမ်းအနားတွင် မြန်မာ့ရုပ်ရှင် တစ်သက်တာဆုများ အပါအဝင် ဆုပေါင်း ၁၈ ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)