Connect with us

Culture & Entertainment

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ရုပ်ရှင်ထူးချွန်ဆု ရရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၃ ရက် ) ညနေပိုင်းက နေပြည်တော်ရှိ MICC-1 တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရုပ်ရှင်များသည် ပြည်သူများ၏ နှလုံးသားကို ထိထိမိမိ ဆွဲဆောင်နိုင်စွမ်း ရှိကြောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်နှင့် နိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ မွေးမြူကြရန် တက်ရောက်လာကြသည့် အနုပညာရှင်များအား တိုက်တွန်းအပ်ကြောင်း၊ အစိုးရအနေဖြင့် စာပေ၊ ဂီတနှင့် ရုပ်ရှင် ကဏ္ဍများကိုဆက်လက် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို စောင်နီလေး တစ်ထည် ရုပ်ရှင်ဇာတ်ကားဖြင့် ရန်အောင်က ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဘယ်တော့မှ အရှုံးမပေးဘူး ရုပ်ရှင်ဇာတ်ကားဖြင့် စိုးမြတ်သူဇာက ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရည်ရွယ်မိုးရုပ်ရှင်ဇာတ်ကားဖြင့် နေဝင်းမှရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို မေမြင့်မိုရ်မှ မုန်းခွင့် ဇာတ်ကားဖြင့် ရရှိခဲ့သည်။

ဆက်လက်ပြီး ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ကံကောင်းဇာတ်ကားမှလည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆုကို ညိုမင်းလွင်မှ ဆရာမ (The Teacher) ဇာတ်ကားဖြင့်လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် တေးဂီတဆု ကို ကောင်းဆက်ပိုင် (ဂီတမြို့) မှလည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် ဓါတ်ပုံဆုကို ကံကောင်း ဇာတ်ကားမှ အကယ်ဒမီ ဝင်းလွင်ထက် မှလည်းကောင်း၊ အကောင်းဆုံးဒါရိုက်တာဆုအား ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)မှ စောင်နီလေးတစ်ထည် ဇာတ်ကားဖြင့်လည်းကောင်း၊အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ခတ္တိယထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်သည့် ကံကောင်းဇာတ်ကားဖြင့်လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ချီးမြှင့်ရန် ဆန်ကာတင်ဇာတ်ကား (၁၂) ကား ရွေးချယ်ထားခဲ့ပြီး အထူးချွန်ဆုံး အနုပညာရှင်၊အတတ်ရှင်များကို အကယ်ဒမီဆုများ ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ (Xinhua)

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ရုပ်ရှင်ထူးချွန်ဆု ရရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ရုပ်ရှင်ထူးချွန်ဆု ရရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ရုပ်ရှင်ထူးချွန်ဆု ရရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.