ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) မြန်မာ့ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လအလိုက်ရာသီပွဲတော်များ၊ရိုးရာဓလေ့ပွဲ နှင့် ပြပွဲပြိုင်ပွဲများ ကျင်းပသွားမည်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊မေ ၁၄ ရက်(ဆင်ဟွာ) လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၃၉ ကြိမ်မြောက် မဟာဗောဓိကဆုန်ညောင်ရေသွန်းပူဇော်ပွဲအားမေ၁၄ရက်နေ့၌ ကျင်းပခဲ့ကြောင်းရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူ ဦးခင်မောင်ဌေးက ဆင်ဟွာသို့ ယနေ့မေ ၁၄ ရက် တွင်ပြောသည်။ ဦးခင်မောင်ဌေးက “မနက်ကတော့သစ်သီးဆွမ်းနဲ့ဘုရားကိုအာရုံဆွမ်းကပ်တယ်။ဘုရားကြီးကို ဘုရားဝေယျာဝစ္စအသင်းတွေနဲ့ပူးပေါင်းကာတစ်ပတ်ရစ်ပြီးလှည့်လည်ပူဇော်တယ်။ဘာသာရေးအသင်းအဖွဲ့တွေက ကဆုန်ညောင်ရေသွန်းအိုးလေးတွေကိုင်ပြီးလှည့်လည်ပူဇော်ခဲ့ပါတယ်။ အခမ်းအနားကျင်းပမယ့်မဟာဗောဓိညောင်ပင်ကိုစုရုံးရောက်ရှိတယ်။ဩဝါဒါစရိယဆရာတော်ကြီး၁၁ပါးကို သီးခြားပင့်ဖိတ်ပြီး အာရုံဆွမ်းကပ်တယ်။ အာရုံဆွမ်းကပ်ပြီးတော့မှ ဩဝါဒါစရိယဆရာတော်ကြီးများကိုမဟာဗောဓိညောင်ပင်ကိုပင့်တယ်။အဲဒီ မှာအနေကဇာတင်တယ်။...
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ်ပြုလုပ်ရန် နှင့် သက်တမ်းတိုးလဲလှယ်ရန် အသိပေးကြေညာချက်အား ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ အစည်းအရုံးအနေနဲ့ ပြန်ကြားရေးဝန်ကြီး ဌာနမှာ သက်တမ်းတိုးဖို့ ထောက်ခံချက်လိုအပ်ရင်...
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသဘုရားအမှတ် ၄၁၈ နှင့် ၇၁၆ တို့မှ ခိုးယူခံရသောရုပ်တုနှင့် ရှေးဟောင်းပစ္စည်းများ ပြန်လည်ရရှိပြီဖြစ်ပြီး၊ ခိုးယူခဲ့သူများကိုလည်း ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က ဆင်ဟွာသို့ ယနေ့...
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) မကြာခင်ကျရောက်တော့မည့် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ထိန်းသိမ်းဆင်နွှဲရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန က ဧပြီ ၇ ရက်တွင် နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနညွှန်ကြားရေးမှူး ဦးအာကာကျော်က “မြန်မာနိုင်ငံမှာ သင်္ကြန်ရိုးရာဆိုတာ ရှေးယခင်ကတည်းက ဆင်နွှဲလာကြတာဖြစ်တယ်။ လူမျိုးဘာသာမရွေး၊...
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်တွင် နိုင်ငံတကာလေကြောင်းလိုင်းများအားပြန်လည်ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ရာ နိုင်ငံတကာခရီးသွားများအတွက် လိုအပ်သော သတင်းအချက်အလက်များပေးနိုင်ရန် Information Counter ၂၇ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂...
ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် အတာသင်္ကြန်ကာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီ၊ပုထိုးများအား ဘုရားဖူးရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆင်ဟွာသို့ ယနေ့ဧပြီ ၁ ရက် တွင် ဆင်ဟွာသို့ပြောသည်။...
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ကျန်းမာရေးဝန်ကြီးဌာနက COVID-19 တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ပြုစုထားသည့် “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ်ချက်နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့်ပြသရန် လျာထားသည့် ရုပ်ရှင်ရုံ(၆၀)ခန့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်(မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန၊...
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ၁၃၈၃ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန် ရေသဘင်ပွဲတော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ယခင်နှစ်များနည်းတူ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရန် ယိမ်းအဖွဲ့များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ (ရေစီးရေလာစီမံခန့်ခွဲမှု) တွင် လျှောက်လွှာတင်သွင်းနိုင်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လက်ထောက်ဌာနမှူး၊ ဦးအောင်မြင်ခန့်က ဆင်ဟွာသို့ ယနေ့ မတ်...
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ယူနန်-ချင်းရွှေဟော်နယ်စပ်အဝင်အထွက် စစ်ဆေးရေးဂိတ်မှ တဆင့် တရုတ်နိုင်ငံဘက်သို့ ကြံတန်ချိန် ၃၇,၀၀၀ ကျော်အားတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ယနေ့ မတ် ၁၅ ရက်တွင် ပြောသည်။