Connect with us

Culture & Entertainment

ပြည်ထောင်စုနေ့ အထိမ်းအမှတ် နွားအလှပြိုင်ပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ

နွားအလှပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသော နွားများအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တတိယအကြိမ်မြောက် မြန်မာ့ရိုးရာ နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ကျင်းပခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဌာန ဒုတိယဦးစီးမှူး ဦးမင်းညွန့်ဦးက ဆင်ဟွာသို့ ပြောသည်။

ယခုနှစ်ပြိုင်ပွဲတွင် နွားမျိုးစုံ ၁၀၆ ကောင်နှင့် ဆိတ် ၃၈ ကောင်တို့ကို ပြသခဲ့ကြောင်း ၊
ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် မွေးမြူရေးနှင့် မွေးမြူရေးလုပ်ငန်းကို ပြည်သူများအား အသိပညာပေးခြင်း၊ အရည်အသွေးမြင့် မြန်မာ့မျိုးရင်း နွား၊ဆိတ်များ ရရှိစေရန်နှင့် မွေးမြူသူများအကြား ကွန်ရက်ချဲ့ထွင်ရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ပြိုင်ပွဲ အပြိုင်အဆိုင် ယှဉ်ပြိုင်ခြင်းသည် အရည်အသွေးကောင်း ကျွဲနွားများ ထုတ်လုပ်မှုကို အထောက်အကူ ဖြစ်စေပြီး တောင်သူများ၏ မွေးမြူရေးဆိုင်ရာ အသိပညာများ တိုးပွါးစေကြောင်း၊မွေးမြူသူများအနေဖြင့် မွေးမြူရေးအတွေ့အကြုံများ ဖလှယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း ပြိုင်ပွဲကို မြို့နယ် (၁၅) မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအမျိုးအစား (၇)မျိုးဖြစ်ကာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုအပြင် နှစ်သိမ့်ဆုများကိုပါပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

နွားအလှပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသော နွားများအားတွေ့ရစဉ်(ဆင်ဟွာ)

နွားအလှပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသော နွားများအားတွေ့ရစဉ်(ဆင်ဟွာ)

နွားအလှပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသော နွားများအားတွေ့ရစဉ်(ဆင်ဟွာ)

နွားအလှပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသော နွားများအားတွေ့ရစဉ်(ဆင်ဟွာ)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117