Connect with us

Education & Health

မြန်မာနိုင်ငံအနှံ့မွေးဖွားမှု မှတ်ပုံတင်ခြင်း လွှမ်းခြုံနိုင်မှု ၇၉ ရာခိုင်နှုန်း နီးပါး အထိ တိုးတက်လာ

ကျေးလက်ဒေသမှ ကလေးငယ်များအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ မွေးဖွားမှု မှတ်ပုံတင်ခြင်းတွင် ရန်ကုန်တွင် မွေးဖွားသော ကလေးငယ်တိုင်း နီးပါးသည် မွေးဖွားမှု မှတ်ပုံတင်ကြပြီး၊ ဝေးလံ ခေါင်သီ အရပ်ရှိ ကျေးလက် ဒေသများတွင် မွေးစားရင်း လက်မှတ် မရှိသည့် ကြီးမားသည့် ခြားနားချက်များကို တွေ့ရှိရကြောင်း ယူနီဆက် (မြန်မာ) မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မွေးစာရင်း မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းဖြင့် ကလေးသူငယ် အခွင့်အရေးများတွင် အပါအဝင် ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကို ရရှိနိုင်သည့် အခွင့်အလမ်းများကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ် သည့်အပြင် ကလေး၏ အသက်အရွယ်ကို သိရှိ အတည်ပြုနိုင်ခြင်းသည် ကလေး လုပ်သားအဖြစ် စေခိုင်းခံရခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများတွင် တပ်သား အဖြစ်ခေါ်ယူ စုဆောင်း ခံရခြင်း၊ ကလေးငယ်များ လူကုန်ကူး ခံရခြင်းနှင့် လက်ထပ် ထိမ်းမြား ခံရခြင်းတို့မှ ကာကွယ်မှု ပေးနိုင်ရန် အဓိကကျသည့် အချက်ဖြစ်ပြီး ကလေး သူငယ်များအား တရားစီရင်ရေး စနစ်တွင် ရင်ဆိုင်ဖြေရှင်းနိုင်ရန် အထောက်အကူ ဖြစ်စေသည်။ မွေးစာရင်း မှတ်ပုံတင် ရှိထားခြင်းဖြင့် လူကုန်ကူး ခံရသည့် ကလေးငယ်များ အား ပြန်လည် စိစစ်ခြင်းနှင့် လွှဲပြောင်းရာတွင် အထောက်အကူ ဖြစ်စေပါကြောင်း သိရသည်။

နိုင်ငံအနှံ့ မွေးဖွားမှု မှတ်ပုံတင်ခြင်း လွှမ်းခြုံနိုင်မှု သည် ၂၀၀၉-၂၀၁၀ တွင် ၇၂ ရာခိုင်နှုန်း မှ ယခုအခါ ၇၉ ရာခိုင်နှုန်း နီးပါး အထိ တိုးတက်လာသည်ကို တွေ့ရှိရကြောင်း သိရသည်။

ယူနီဆက် မြန်မာသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ဥရောပ သမဂ္ဂ ရန်ပုံငွေ အထောက်အပံ့ဖြင့် မွေးဖွားမှု မှတ်ပုံတင်ခြင်း စီမံချက်ကို မြန်မာအစိုးရနှင့် ပူးပေါင်း လုပ်ဆောင်လျှက် ရှိပြီး မွေးဖွားမှု မှတ်ပုံတင်ခြင်း စနစ်များ ပိုမိုအားကောင်း လာစေရန် နည်းပညာ ဆိုင်ရာကူညီ ပံ့ပိုးခြင်းနှင့် နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အဆင့်တို့တွင် အရည်အသွေးမြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ထို့ပြင် မွေးဖွားမှု မှတ်ပုံတင်ခြင်း ဆိုင်ရာ တတိယ အကြိမ်မြောက် ဆွေးနွေးပွဲ ဖိုရမ်ကို နေပြည်တော်၌ ယနေ့ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ဖိုရမ်တွင် မွေးဖွားမှု မှတ်ပုံတင်ခြင်း၏ အရေးပါပုံနှင့် တိုင်းပြည်အတွက် ထိရောက်၍ အကျိုးရှိစေမည့် မွေးဖွားမှု မှတ်ပုံတင်ခြင်းစနစ်တစ်ခု ပြုလုပ်ရန် လိုအပ်သည်များကို တစ်နိုင်ငံလုံးရှိ အလှူရှင်များ၊ မူဝါဒရေးဆွဲသူများ နှင့် ဝန်ဆောင်မှု ပေးနေသူများမှ ဆွေးနွေးကြကြောင်း၊ တက်ရောက်လာ သူများမှ ပြည်သူ့ ရေးရာ မှတ်ပုံတင်ရေး ဥပဒေ ပေါ်ပေါက် လာစေရေးကို တိုက်တွန်း ဆွေးနွေးကြပြီး အမျိုးသားအဆင့် မွေးစာရင်း မှတ်ပုံတင်ခြင်းစနစ် ပိုမို ဖွံ့ဖြိုးလာစေရန် နှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ပြည်သူ့ရေးရာ မှတ်ပုံတင်အရာရှိ တစ်ဦးခန့်အပ် တာဝန်ပေးအပ်ဖို့ လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့ ကြကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.