Connect with us

Education & Health

စားသုံးရန် မသင့်သော စားသုံးကုန် တံဆိပ်ပေါင်း ၂၆ မျိုးအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်

စားသုံးရန် မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူများ သိရှိရန် အသိပေး ကြေညာချက် (ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ဈေးကွက်တွင်း ရောင်းချလျှက်ရှိသည့် အစားအသောက်များအား စစ်ဆေးသည့် အခါ စားသောက်ကုန် တံဆိပ်ပေါင်း ၂၆ ခုသည် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးနှင့် ဓါတုပစ္စည်းများ ပါဝင်သောကြောင့် စားသုံးရန် မသင့်တော်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်သည်။

စားသုံးရန် မသင့်သည့် တံဆိပ် ၂၆ မျိုးတွင် ပါဝင်သော အစားအသောက်များမှာ ပဲကြီးလှော်၊ ပဲငါးပိ၊ ငရုတ် အရောင်တင်မှုန့်၊ လက်ဖက်၊ ဆီတို့ဟူး၊ ငါးပိ၊ ခေါက်ဆွဲခြောက်၊ ငရုတ်သီး အရောင်တင်မှုန့် (အပွ)၊ တုတ်ထိုးချိုချဉ် (စပရိန်ပုံ)၊ တုတ်ထိုးချိုချဉ် (ငရုတ်သီးပုံ)၊ ဝေဖာလုံး၊ ငါးဖယ်ချဉ်၊ အာနီလျှာနီ၊ ချင်းလက်ဖက် တို့ဖြစ်ကြသည်။

အဆိုပါ စားသောက်ကုန်များတွင် စားသုံးရန်မသင့်သည့် တံဆိပ်များအား ကျန်းမာရေး ဝန်ကြီးဌာန မှ ထည့်သွင်း ထုတ်ပြန်ထားတာ တွေ့ရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117