Connect with us

Education & Health

လူငယ်နှင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံရန် ဂိုချောက်တောင် တိုက်တွန်း

မြန်မာ ကျောင်းသား ကျောင်းသူများ စာသင်ကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသာ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချောက် တောင်သည် လူငယ်နှင့်ပညာရေးတွင် ရင်းနှီးမြှုပ်နှံရန် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင်တိုက်တွန်း ပြောကြားလိုက်သည်။

မြန်မာပြည်တွင်ရင်ဆိုင်နေရသည့် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဌာနမှ သတင်း ထုတ်ပြန်သည်။

မြန်မာပြည် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ အုတ်မြစ်အဖြစ် လူငယ်နှင့် ပညာရေးမှာ ရင်းနှီးမြှုပ်နှံရန် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့ပြီး မြန်မာပြည်တိုးတက်ရန် ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများ ဖွံ့ဖြိုးရန် အရေးကြီးကြောင်း အကြံပြုခဲ့သည်။

မစ္စတာ ဂိုချောက်တောင်သည် ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဝန်ကြီးအဆင့် ပူးတွဲ ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်မှုကို သဘောတူခဲ့သည်။

ဗဟိုဘဏ် တာဝန်ရှိသူများနှင့် စင်ကာပူ အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ပြီး ဘဏ်လုပ်ငန်း ကြီးကြပ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍ စွမ်းရည်မြှင့်တင်ရေး ကိစ္စများ၌ အကူအညီပေး ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူညီခဲ့သည်။

မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာ ၈ ဒဿမ ၃ ဘီလီယံရှိပြီး တရုတ်နှင့် ထိုင်းနိုင်ငံပြီးလျှင် တတိယအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနိုင်ငံ ဖြစ်သည်။

စင်ကာပူနှင့် မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ စုစုပေါင်း စင်ကာပူဒေါ်လာ ၃ ဒဿမ ၂၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံ) ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.