Connect with us

Education & Health

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါး (၁၀) မျိုးကို ထုတ်ပြန်

အရည်အသွေး မပြည့်မီသော ဆေးဝါးများ မြင်တွေ့ရစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အစာအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး (၁၀) မျိုးကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

အောက်ဖေါ်ပြပါ ဆေးဝါးများသည် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် ဆေးဝါးများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆေးဝါး တင်သွင်း ဖြန့်ချီသည့် ကုမ္ပဏီ ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသောဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ ကို တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း ပြုလုပ်ပါက အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ ၁၈ အရ တရားစွဲဆို အရေးယူသွားမည်ဟု ကြေညာ ချက်တွင် ပါရှိသည်။

စဉ် ဆေးအမည် ဆေဗူး/ဆေးကတ်တွင်ဖေါ်ပြတွေ့ရှိချက်
Diclo-M tablet (Diclofenac Sodium IP 50mg,
Paracetamol IP ၃၀၀ mg ,
Magnesium Trisilicate IP 100mg)
VIP Pharmaceutical Pvt.Ltd,India
Lin Chee Tan Pills
Lin Chee 15% Thor Teong15 % Sear Heang 15%,Tong Kool 10% Lock Leong 10%,
Gu Cheok 5%,
Fu Chee 5%, Bok Kua 5%,Chuan Keong 5%,
Cheok Lam Tin 5%, Ma Tai 5%
Kong Chew Drug Works
Chlorpheniramine Tablet
(Chlorpheniramine Maleate 4mg)
K.B PharmaceuticalCo.Ltd.
Piyenchin Solution
(Naphazoline HCL Solution 1:1000)
Jaingxi Xier Kangtai P’cal Co.Ltd
Yuxingcao Zhusheye 2ml Injection တရုတ်စာသားများဖြင့်ဖေါ်ပြထားပါသည်။
Banlangen Zhushe ye 2ml Injection Lonch Group Wanrong P’cal Co.Ltd
Vitamin B Complex Tablet
(ဗိုက်တာမင် ဘီဝမ်း၊ ဘီဆစ်၊ 1.0mg)
Rota Laboratories Co.,Ltd, Thailand
Serdan Tablet (Serratiopeptidase 5 mg) New Life Pharma Co.,Ltd, Thailand
Triamcinolone Acetonide and Neomycin Paste တရုတ်စာသားများဖြင့်ဖေါ်ပြထားသည်။
၁၀ M.16 Patar 75 Toothache 3ml Solution
(Clove oil 7.00mg,Camphor 10.00g,Lidocaine HCL0.75g/100ml)
Patar Lab (2517)Co.,ltd, Thailand

ပြည်သူများမှလည်း မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို ဝယ်ယူ သုံးစွဲခြင်း မပြုကြရန် အသိပေးကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ကျန်းမာရေးအတွက် စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသူများ အနေဖြင့် မိမိတို့သုံးစွဲနေသည့် ဆေးဝါးများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ တွေ့ရှိပါက သတင်းပေးပို့ အကြောင်းကြား နိုင်ကြောင်း သိရသည်။

အဆိုပါ ကြေငြာချက်သည် ယခုနှစ်တွင် ဒုတိယ အကြိမ်မြောက် ထုတ်ပြန်ချက်ဖြစ်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံထုတ် ဆေးဝါး (၁၀) မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် တရားမဝင်ဆေးဝါးများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မသုံးစွဲကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နှစ် စက်တင်ဘာလ ကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သေးသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာနက ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ မှတ်ပုံတင်ထားခြင်း မရှိသည့် တရားမဝင် ဆေးဝါး (၅) မျိုးကို စိစစ်တွေ့ရှိကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ဘူးသည်။ (Xinhua)