Connect with us

Education & Health

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲ၌ ကျောင်းသား များတောင်းဆိုသော အချက်(၁၁)ချက် သဘောတူ

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး (၄) ပွင့်ဆိုင် ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် ( ဆင်ဟွာ)

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) နှင့် ကျောင်းသားသမဂ္ဂတို့ ပါဝင်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ယနေ့ကျင်းပသည့် ဒုတိယအကြိမ်မြောက် လေးပွင့်ဆိုင် ဆွေးနွေးပွဲ၌ သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသော အချက်(၁၁)ချက်ကို သဘောတူ လက်ခံလိုက်သည်။

သပိတ်မှောက်ကျောင်းသားများ တောင်းဆိုချက်များကို လက်ခံပေးခဲ့သော်လည်း အမျိုးသားပညာရေး ဥပဒေကြမ်း အတည်မပြုနိုင်သေးချိန်တွင် သပိတ်များကို ရပ်နားထားရန် အခက်အခဲရှိကြောင်း၊ သပိတ်စစ်ကြောင်းများသည် အမျိုးသားပညာရေး ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီးချိန်ထိ ရှိနေမည်ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားတစ်ဦးက ဆိုသည်။

ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားများ၊ ဆရာများ၏ ကိုယ်စားလှယ်များပါဝင်ရန်၊ ကျောင်းသား၊ ဆရာသမဂ္ဂများ ထူထောင်လှုပ်ရှားခွင့်နှင့် တရားဝင် အသိအမှတ်ပြုရန်၊ အမျိုးသား ပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရန်၊ ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်တိုင်ပြဌာန်းရန်၊ လက်ရှိကျင့်သုံးနေသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များပြင်ဆင်ရန်၊ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်စမ်းသပ် သင်ယူနိုင်သည့် သင်ကြားနည်းများ ပြောင်းလဲရန်၊ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်အတွက် ထည့်သွင်းပြဌာန်းရန်၊ မသန်စွမ်းကလေးများ အပါအဝင် လူတိုင်းအကျုံးဝင် ပညာရေးစနစ် အကောင်အထည်ဖော်ရန် ၊ ကျောင်းသားအရေးခင်းကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ပညာဆက်သင်ခွင့်ရရန်၊ ပညာရေးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ (၂၀) ရာခိုင်နှုန်း သတ်မှတ်ရန်နှင့် အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရန် စသည့် အချက်(၁၁)ချက်ကို ဆွေးနွေးပွဲတွင် လက်ခံခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117