Education & Health
အိုဘီမင်အားဆေးအတွင်းသားအရောင်းပြောင်းလဲခြင်း ဆေးနမူနာစစ်ဆေးပြီးမှ အဖြေထုတ်ပြန်နိုင်မည်
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
ကိုယ်ဝန်ဆောင်မိခင် အများစု သုံးစွဲကြသည့် OBIMIN(အိုဘီမင်) အားဆေး အတွင်းသား အရောင်ပြောင်းလဲခြင်း နှင့်ပတ်သက်၍ ဆေးနမူနာများကို စမ်းသပ် စစ်ဆေးပြီးမှသာ အဖြေထုတ်ပြန် ပေးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (နေပြည်တော်) မှ သိရသည်။
အဆိုပါအားဆေးကို ကိုယ်ဝန်ဆောင် မိခင်တစ်ဦးက ဆေးမသောက်မီ ဆေးတောင့်ကို ချိုးကြည့်ရာ ဆေးအတွင်းသားမှာ အမည်းရောင် အဖြစ် အရောင်ပြောင်း နေသည်ကို တွေ့ရှိရ၍ မိခင်များ သတိပြု သောက်သုံးကြရန် လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့ခြင်းမှစပြီး ဆေးအတွင်းသား အရောင်ပြောင်းလဲခြင်း ကိုမသိဘဲ သောက်သုံးမိသည့် မိခင်များက ရင်သွေးအတွက် စိုးရိမ်သဖြင့် ၎င်းတို့ သောက်နေသော ဆေးတောင့်များကို စမ်းသပ် ချိုးကြည့်ရာမှ ဆေးအတွင်းသား အရောင်ပြောင်းလဲမှု ဖြစ်စဉ် တွေ့ကြုံရခြင်း ဖြစ်သည်။ ယင်းအတွက် မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (နေပြည်တော်) က မည်သို့ ဖြစ်သည်ကို ပေးပို့လာသည့် ဆေးနမူနာ များအား စမ်းသပ် စစ်ဆေးပြီးမှသာ အဖြေထုတ်ပြန် ပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)