Connect with us

Education & Health

နာဂဒေသ၌ လူ၃၈ဦးသေဆုံးခဲ့သော ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဟုဆို

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဖြစ်ပွားနေသော ကူးစက်ရောဂါနှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့ နယ်တို့ရှိ ကျေးရွာ၉ရွာတွင် လူ ၃၈ဦး သေဆုံးခဲ့သည့် ကူးစက်ရောဂါကို ထိန်းချုပ်နိုင်သော အနေအထားရှိပြီဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး ဥက္ကဋ္ဌ ဦးကေဆိုင်းက ဆင်ဟွာသတင်းဌာနသို့ ယနေ့ ပြောကြားသည်။

“တားဆီးထိန်းချုပ်နိုင်တဲ့ အနေအထားတော့ရှိနေပါပြီ၊ ရောဂါဖြစ်ပွားနေတဲ့ လူ၅ယောက်က သွေးကို စစ်တာ ၃ယောက်မှာ ဝက်သက်ရောဂါဆိုတာ တွေ့ရတယ်၊ ဒီကူးစက်ရောဂါကို ဝက်သက်လို့ ပြောလို့ရပါတယ်”ဟု ဦးကေဆိုင်းက ဆိုသည်။

လက်ရှိ ရောဂါကူးစက်ခံနေရသည့် ၂၀၀နီးပါးအပြင် အခြားသို့ ထပ်မံကူးစက်နေခြင်းမရှိကြောင်း၊ အဆိုပါ ကူးစက်ရောဂါသည် ဇွန်လဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့ပြီး သြဂုတ် ၅ရက်အထိ လဟယ်မြို့နယ်မှ ကျေးရွာငါးခု၌ လူဦးရေ ၂၅ဦး သေဆုံးခဲ့ပြီး နန်းယွန်းမြို့နယ်မှ ကျေးရွာလေးခုတွင် လူဦးရေ ၁၃ ဦးနှင့် စုစုပေါင်း ယင်းရောဂါကြောင့် သေဆုံးသူဦးရေမှာ ၃၈ ဦးရှိခဲ့သည်။

အဆိုပါ ရောဂါကူးစက်ခံနေရသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ တပ်မတော် ဆေးကုသရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန နေပြည်တော်မှ ဆရာဝန်များ ရောက်ရှိနေပြီး ကူးစက်နေသည့်လူများမှ အခြားသို့ ထပ်မံကူးစက်နေသည့် အနေအထားများ မရှိဘဲ ရောဂါကူးစက်သူများကို ထိန်းချုပ်ကုသမှုပြုလုပ်ပေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လဟယ်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)မှ ကိုယ်စားလှယ် ဦးလော်ယုံ ကပြောသည်။

ရောဂါပိုးကူးစက်ခံရသည့် ကျေးရွာများသို့ တပ်မတော်စစ်ကြောင်းများမှ ဆေးမှူးများသည် ကြိုတင်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထန်ခေါ်လားမားကျေးရွာတွင် သြဂုတ် ၃ ရက်မှစ၍ ကူးစက်ခံရသည့် ဒေသခံပြည်သူ ကျား ခုနစ်ဦး၊ မ သုံးဦးနှင့် ကဲဆန်ဘောက်လွန်းကျေးရွာမှ ကျား သုံးဦးနှင့် မ နှစ်ဦး စုစုပေါင်း ၁၅ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရောဂါအား ထိန်းချုပ်ထားနိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.