Connect with us

Education & Health

တိုင်းဒေသကြီး နှင့် ပြည်နယ်များ ရှိ မြို့နယ် ၆ ခုတွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင် 

အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့သောဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) 

တိုင်းဒေသကြီး နှင့် ပြည်နယ်များ ရှိ မြို့နယ် ၆ ခုတွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ချင်းပြည်နယ် မင်းတပ် မြို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်း ၄ ဒသမ ၉ ဒီဂရီစင်တီဂရိတ်မှ ၄ ဒသမ ၅ ဒီဂရိတ်စင်တီဂရိတ် နှစ်ပေါင်း ၅၅ နှစ် အတွင်း စံချိန်ချိုးခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်း ၆ ဒသမ ၀ ဒီဂရီစင်တီဂရိတ် ရှိခဲ့ရာမှ ၅ ဒသမ ၆ ဒီဂရီ စင်တီဂရိတ် အထိ နှစ်ပေါင်း  ၃၃ နှစ် အတွင်း စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်း ၇ဒသမ ၄  ဒီဂရီစင်တီဂရိတ်မှ ၇ဒသမ၀ ဒီဂရိတ်စင်တီဂရိတ် အထိ နှစ်ပေါင်း ၅၅ နှစ် အတွင်း စံချိန်ချိုးခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်း ၈ ဒသမ ၅  ဒီဂရီစင်တီဂရိတ်မှ ၇ဒသမ၀ ဒီဂရိတ်စင်တီဂရိတ် အထိ နှစ်ပေါင်း ၃၅ နှစ် အတွင်း စံချိန်ချိုးခဲ့ပြီး ၊ နေပြည်တော်တွင် အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်း ၁၁ဒသမ ၁  ဒီဂရီစင်တီဂရိတ်မှ ၁၁ဒသမ၀ ဒီဂရိတ်စင်တီဂရိတ် အထိ ၇ နှစ် အတွင်း စံချိန်ချိုးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ တွင် အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်း ၁၄ဒသမ ၅  ဒီဂရီစင်တီဂရိတ်မှ ၁၄ဒသမ၀ ဒီဂရိတ်စင်တီဂရိတ် အထိ ၆ နှစ် အတွင်း အသီးသီးစံချိန်ချိုးခဲ့ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.