Connect with us

Education & Health

စောင့်ကြည့်လူနာ ၄ ဦးတွင် 2019 Novel Coronavirus မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန် 

ရန်ကုန်လေ ဆိပ်တွင် 2019 Novel Coronavirus အားစစ်ဆေးမှုများဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) 

တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ချို့ ရှိ ဆေးရုံများတွင် 2019-nCoV acute respiratory disease ၏ စောင့်ကြည့်လူနာ ၄ ဦး၏ ဓာတ်ခွဲနမူနာများရယူခဲ့ပြီး နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus မရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ဖေဖော်ဝါရီ ၅ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ရှမ်းပြည်နယ်၊ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော အသက် (၁) နှစ်၊ (၂) လ အရွယ် ကလေးငယ် (မ) တစ်ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိုင်ပေမှ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရှိ ဝေဘာဂီအထူးကုဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုကုသခဲ့မှုခံယူလျက်ရှိသော အသက် (၁၅) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော မြန်မာနိုင်ငံသား၊ အသက်(၂)နှစ် (၂)လအရွယ် ကလေးငယ် (မ) တစ်ဦး နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦး တို့တွင် (မည်သူ့တွင်မှ) 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ကျန်လူနာများ၏ ဓာတ်ခွဲစစ်ဆေးမှုအဖြေ သတင်းများရရှိပါက ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.