Connect with us

Education & Health

CZ 3055 လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တရုတ်နိုင်ငံသားတစ်ဦး နှင့် မြန်မာခရီးသည် ၂ ဦးတွင် 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိ၍ ဆေးရုံမှ ဆင်းခွင့်ပြု 

ရန်ကုန်လေ ဆိပ်တွင် 2019 Novel Coronavirus စစ်ဆေးမှုများဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) 

ဇန်နဝါရီ (၃၁) ရက် က China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် 2019 Novel Coronavirus စောင့်ကြည့်လူနာဖြစ်သော တရုတ်နိုင်ငံသား ၁ ဦး နှင့် အဆိုပါလေယာဉ်ပေါ်တွင် ပါလာသည့် မြန်မာနိုင်ငံသား ၂ ဦးတို့အား 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် အတွက် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။ 

အဆိုပါ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိသော တရုတ်နိုင်ငံသား အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အဆိုပါ တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားအား သီးခြားခန်းတွင် ဆက်လက်ကုသရန်မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ ထို့အပြင် ၎င်းနှင့်အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးမှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။ 

အဆိုပါ တရုတ်နိုင်ငံသားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၁၀:၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာ သူတစ်ဦးဖြစ်ပြီး ၎င်းတွင်  ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ခဲ့ကြောင်း လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့်အညီ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိခဲ့ကာ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်းကို သိရသည်။ 

ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးလည်း ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ အားလုံးတွင် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ မရှိသည့် အတွက် ဆေးရံုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.