Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
မန္တလေးတိုင်းဒေသကြီး၌စောင့်ကြပ်ကြည့်ရှုနေသော ဝူဟန့်မြို့မှ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူများနှင့်ကျန်းမာရေးဝန်ထမ်း ၆၂ ဦးအား ကျန်းမာရေးကောင်းမွန်စွာရှိ၍ ဆေးရုံမှ ဆင်းခွင့်ပြုမည် - Xinhua News Agency
Connect with us

Education & Health

မန္တလေးတိုင်းဒေသကြီး၌စောင့်ကြပ်ကြည့်ရှုနေသော ဝူဟန့်မြို့မှ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူများနှင့်ကျန်းမာရေးဝန်ထမ်း ၆၂ ဦးအား ကျန်းမာရေးကောင်းမွန်စွာရှိ၍ ဆေးရုံမှ ဆင်းခွင့်ပြုမည်

ဝူဟန့်မြို့မှပြန်လည်ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူများအား စောင့်ကြပ်ကြည့်ရှုထားသော ဆေးရုံအားတွေ့ရစဉ်(ဓါတ်ပုံ - MOI)

မန္တလေး၊ ဖေဖော်ဝါရီ ၁၅  ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးရှိ ကန်တော်နဒီဆေးရုံတွင် စခန်းသွင်း စောင့်ကြပ်ကြည့်ရှုခြင်းခံထားရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံဝူဟန့်မြို့မှ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူ ၅၉ ဦးနှင့် ကျန်မာရေးဝန်ထမ်း ၃ ဦး စုစုပေါင်း ၆၂  ဦးသည် ကျန်းမာရေးကောင်းမွန်စွာရှိသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်  ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ဆင်ဟွာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ ကလေးတွေဘာရောဂါလက္ခဏာမှ မတွေ့ပါဘူး၊ ကျန်းမာရေးကောင်းမွန်လို့ မနက်ဖြန်(ဖေဖော်ဝါရီ ၁၆)ရက်နေ့ တွင်ဆေးရုံကနေ ဆင်းခွင့်ပြုမှာပါ၊ နေအိမ်တွေကို ကိုယ့်အစီစဉ်နဲ့ ကိုယ်ပြန်မယ့် သူတွေရှိသလို၊အစိုးရအဖွဲ့အစီအစဉ်နဲ့ ပြန်ကြမယ့် လူတွေလဲရှိပါတယ်” ဟု ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ဆိုသည်။

မန္တလေးမြို့ကန်တော်နဒီဆေးရုံတွင် ဝူဟန့်မှ ပြန်လည်ရောက်ရှိလာသူ ကျောင်းသားကျောင်းသူ ၅၉ ဦးနှင့်ကျန်းမာ ရေးဝန်ထမ်း ၃ ဦး ပေါင်း ၆၂ ဦးကို စခန်းသွင်းစောင့်ကြပ်ကြည့်ရှုခြင်း( Quarantine) ပြုလုပ်မှုမှာဖေဖေါ်ဝါရီ ၁၆ ရက်နေ့တွင် ပြန်ခွင့်ရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ထုတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ကျောင်းသူ/ကျောင်းသားများနှင့်ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၆၂ ဦးအား WHO guideline အတိုင်း Quarantine ၁၄ ရက်ပြုလုပ်ခဲ့ပြီး ဖေဖေါ်ဝါရီ ၁၆ ရက်သည် Quarantineကာလ ပြည့်ပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့ နေရပ်အသီးသီးပြန်ချိန်တွင် Quarantine (စခန်းသွင်းစောင့်ကြပ်ကြည့်ရှုခြင်း)ပြုလုပ်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်းထောက်ခံသည့် စာအုပ်ကို မန္တလေးဆေးရုံကြီးမှ တာဝန်ယူထုတ်ပေးမှာဖြစ်ကြောင်း၊မိမိ အစီအစဉ်ဖြင့်ပြန်မည့်သူများအတွက် ကားလက်မှတ်များကို တိုင်းအစိုးရက စီစဉ်ပေးသွားမည်ဖြစ်ကြော ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ ကျောင်းသားကျောင်းသူ ၅၉  ဦးသည် တရုတ်နိင်ငံ ဝူဟန့်မြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖေါ်ဝါရီ ၂ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်က ရောက်ရှိပြီး စောင့်ကြပ်ကြည့်ရှုရန် ပြင်ဆင်ထားသည့် ကန်တော်နဒီသို့ ဆေးရုံသို့ နံနက် ၅ နာရီခွဲခန့်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။  (Xinhua)