Connect with us

Education & Health

မောင်တော ခရိုင်အတွင်း စာသင်ကျောင်း ၅၀ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဒေသ လုံခြုံရေး အခြေအနေအရ ၃၅၂ ကျောင်း ဖွစ်လှစ်ရန် ကျန်ရှိ

ရခိုင်ပြည်နယ်အတွင်း ပညာသင်ကြားနေကြသည့် ကျောင်းသား/သူများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း နယ်မြေ တည်ငြိမ်အေးချမ်းသောနေရာများတွင် ယခုအခါ စာသင်ကျောင်း ၅၀ ပြန်လည် ဖွင့်လှစ်၍ စာသင်ကြားမှုများ ပုံမှန်ဆောင်ရွက်လျက် ရှိနေပြီး ဒေသလုံခြုံရေးအခြေအနေအရ ၃၅၂ ကျောင်း ဖွစ်လှစ်ရန် ကျန်ရှိနေသေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

မောင်တောခရိုင်တွင် စာသင်ကျောင်း စုစုပေါင်း ၄၀၂ ကျောင်း ရှိသည့် အနက် အောက်တိုဘာလ ၉ ရက်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများကြောင့် ကျောင်းအားလုံး ခေတ္တယာယီပိတ်ထားခဲ့ရပြီး ယခုအခါ အထက် တန်းကျောင်း ၅ ကျောင်း၊ အလယ်တန်းကျောင်း ၉ ကျောင်းနှင့် မူလတန်းကျောင်း ၃၆ ကျောင်း ၊ စုစုပေါင်း စာသင်ကျောင်း ၅၀ ပြန်လည် ဖွင့်လှစ်၍ စာသင်ကြားမှုများ ပုံမှန်ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဒေသလုံခြုံရေးအခြေအနေအရ အထက်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်း ကျောင်း ၉ ကျောင်းနှင့် မူလတန်းကျောင်း ၃၃၉ ကျောင်း စုစုပေါင်း ၃၅၂ ကျောင်း ဖွစ်လှစ်ရန် ကျန်ရှိနေသေးပြီး ဒေသတည်ငြိမ် လုံခြုံရေးအခြေ အနေပေါ် မူတည်ပြီး ဖွင့်လှစ်ရန် ကျန်ရှိသည့် စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင် ရေး အတွက် မောင်တော ခရိုင်ပညာရေးမှူးရုံးအနေဖြင့် အစီအမံများ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မောင်တော မြို့နယ်အတွင်း ပထမဆင့် ဦးစားပေး ပြန်လည်ဖွင့်လှစ်မည့် စာသင်ကျောင်း ၂၄ ကျောင်း၊ ဒုတိယအဆင့် ဦးစားပေး ပြန်လည် ဖွင့်လှစ်မည့် စာသင်ကျောင်း ၄၉ ကျောင်း၊ တတိယအဆင့် ဦးစားပေးပြန်လည်ဖွင့်လှစ်မည့် စာသင်ကျောင်း ၈၂ ကျောင်းနှင့် ဒေသ လုံခြုံရေး အခြေအနေ ပေါ်မူတည်ပြီး ပြန်လည်ဖွင့်လှစ်မည့် စာသင်ကျောင်း ၂၈ ကျောင်းရှိသဖြင့် မောင်တောမြို့နယ်တွင် စုစုပေါင်း စာသင်ကျောင်းပေါင်း ၁၈၃ ကျောင်း ရှိကြောင်း သိရသည်။

မောင်တောခရိုင်အတွင်း ကျောင်းပေါင်း ၄၀၂ ကျောင်းတွင် အထက်တန်းပြ ဆရာ/ဆရာမ ၂၁၈ ဦး အလယ်တန်းပြဆရာ/ဆရာမ ၆၃၉ ဦး နှင့် မူလတန်းပြ ဆရာ/ဆရာမ ၁၈၀၃ ဦး ၊ စုစုပေါင်း ဆရာ/ ဆရာမ ၂၆၆၀ ရှိပြီး အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ အပြီး ဒေသရပ်ရွာများသို့ ပြန်သွားသော ဆရာ/ဆရာမ ၄၃၃ ဦးရှိရာ အောက်တိုဘာလ ၂၄ ရက် နေ့ အထိ ပြန်လည် ရောက်ရှိ တာဝန် ထမ်းဆောင် ကြသော ဆရာ/ဆရာမ ၁၆ ဦး ရှိပြီး ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိမလာသေးသော ဆရာ/ဆရာမ ၄၁၇ ဦး ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.