Connect with us

Education & Health

ရန်ကုန်မြို့၌ ဇီကာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး တွေ့ရှိ

ဇီကာရောဂါပိုး သယ်ဆောင်သည့် Aedes Aegypti ခြင်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့၌ ဇီကာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံခြားသူ တစ်ဦး တွေ့ရှိသဖြင့် ကာကွယ် ထိန်းချုပ် နှိမ်နှင်းရေး လုပ်ငန်းများ အထူးအလေးထား ဆောင် ရွက်လျှက်ရှိကြောင်းအောက်တိုဘာ၂၇ရက်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဇီကာရောဂါပိုးလက္ခဏာသံသယရှိသူ အသက် ၃၂ နှစ်အရွယ် ရှိ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ရန်ကုန်မြို့၌ယနေ့တွေ့ရှိခဲ့သဖြင့် လိုအပ်သောဓါတ်ခွဲစမ်းသပ်မှုများဆောင်ရွက်ခဲ့ရာ ဇီကာရောဂါ ဖြစ်ပွားလျှက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ကြောင့် ဇီကာရောဂါနှင့်ပတ်သက်ပြီး လိုအပ်သော ကာကွယ် ထိန်းချုပ် နှိမ်နှင်း ရေး လုပ်ငန်းများကို တာဝန်ရှိသူများက အထူးအလေး ထား ဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ဇီကာရောဂါ ကာကွယ်ရေး လုပ်ငန်းများ အပါအဝင် ရောဂါစောင့်ကြပ် ကြည့်ရှုမှု လုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။(Xinhua)