Connect with us

Education & Health

မြန်မာနိုင်ငံတွင် အန္တရာယ်ရှိ စာသင်ကျောင်း ၇၈၀၀ ကျော်ရှိဟု ပညာရေး ဒုဝန်ကြီးဆို

စာသင်ကျောင်း တစ်ကျောင်းတွင် ကလေးငယ်များ စာသင်ကြားနေပုံ (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

မြန်မာ တစ်နိုင်ငံလုံး၌ ပြုပြင်ရန် လိုအပ်နေသည့် အန္တရာယ်ရှိ စာသင်ကျောင်းနှင့် ဟောင်းနွမ်း ပျက်စီးနေသည့် စာသင်ကျောင်းပေါင်း ၇၈၀၀ ကျော်ရှိနေကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက အမျိုးသား လွှတ်တော်တွင် မေလ ၁၃ ရက်နေ့၌ ပြောကြားခဲ့သည်။

အမျိုးသား လွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ မေးခွန်းကို ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

အန္တရာယ်ရှိ ကျောင်း ၃၆၁၂ ကျောင်းနှင့် ဟောင်းနွမ်း ပျက်စီးနေသည့် ကျောင်း ၄၂၇၅ ကျောင်း ရှိကြောင်း ဒုတိယ ဝန်ကြီးက ဆိုသည်။
အဆိုပါ ကျောင်းများအနက် ကျောင်းပေါင်း ၂၈၀၀ ကျော်ကို ပြုပြင်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း ခေါင်းစဉ်အောက်တွင် လျာထား တင်ပြထားပြီး ကျန်ရှိနေသည့် ကျောင်းများကိုလည်း စိစစ်ပြီး ဖြည့်စွက် ရန်ပုံငွေတွင် တင်ပြ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ပြောကြားသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစပြီး အန္တရာယ်ရှိ စာသင်ကျောင်းနှင့် ဟောင်းနွမ်း ပျက်စီးနေသည့် စာသင် ကျောင်းများကို ဘဏ္ဍာနှစ်အလိုက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေ ခေါင်းစဉ်အောက်မှ မြို့နယ် ဦးစားပေးအလိုက် လျာထာ းဆောင်ရွက် ပေးမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.