Connect with us

Education & Health

မြန်မာ-ထိုင်း နှစ်နိုင်ငံ တက္ကသိုလ်များ အချင်းချင်း ယဉ်ကျေးမှု နှင့် ပညာရေး ဆိုင်ရာ နှီးနှော ဖလှယ်မှုများ ဆောင်ရွက်ရန် လေ့လာရေး ခရီးစဉ်ထွက်ခွာ

ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသော ဒဂုံတက္ကသိုလ်မှ လေ့လာရေး အဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ-ထိုင်း နှစ်နိုင်ငံ တက္ကသိုလ်များ အချင်းချင်း ယဉ်ကျေးမှု နှင့် ပညာရေး ဆိုင်ရာ နှီးနှော ဖလှယ်မှုများ ဆောင်ရွက်ရန် ဒဂုံတက္ကသိုလ် မှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော လေ့လာရေး အဖွဲ့သည် ထိုင်းနိုင်ငံသို့ လေ့လာရေး ခရီးထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှ ချင်းမိုင် တက္ကသိုလ်၊ မဲဆောက် မြို့မှ Khamptaeng Phet Rajabat တက္ကသိုလ်များ နှင့် ပညာရေးဖွံ့ဖြိုး တိုးတက်ရန် အတွက် နားလည်မှုစာချွန်လွှာများ ရေ ထိုးခဲ့ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် မေလတွင် ထိုင်းနိုင်ငံမှ ကျောင်းသားများ ဒဂုံတက္ကသိုလ် ကိုလာရောက်ခဲ့ပြီး မြန်မာစာ သင်ယူခဲ့ကြောင်း၊ ယခုခရီးစဉ်တွင် MOU ထိုးထားသည့် တက္ကသိုလ် နှစ်ခုမှ ယဉ်ကျေးမှုစနစ် နှင့် ပညာရေးစနစ် များကို သွားလေ့လာပြီး အတွေ့အကြုံ ဗဟုသုတ တွေကို လည်ဖြန့်ဝေသွားဖြစ်ကြောင်း၊ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နောက်ပိုင်း တွင်လည်း နှစ်စဉ်ဆက် သွားနိုင်ရန် အစီအစဉ် ရှိကြောင်း လေ့လာရေး အဖွဲ့ခေါင်းဆောင် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ခင်အောင်သန်း က ပြောသည်။

လေ့လာရေး အဖွဲ့အနေဖြင့် ဒီဇင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ချင်းမိုင် တက္ကသိုလ်နှင့် Khamptaeng Phet Rajabat နှစ်ခုတွင် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကျောင်းများ၏ အဆောက်အအုံ တည်ဆောက်ပုံ၊ သင်ကြားရေး စနစ်များ၊ လက်တွေ့ သင်ကြားမှု အပြင် အခြား ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး စနစ်များကို လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေ့လာရေး အဖွဲ့တွင် ဆရာ၊ ဆရာမ လေးဦး၊ ကျောင်းသား၊ ကျောင်းသူ ဘာသာရပ် အလိုက် ပထမနှစ်မှ မဟာတန်းထိ ရှစ်ဦး စုစုပေါင်း ၁၂ ဦး လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.