Connect with us

Education & Health

ရေကြောင်း ပညာတက္ကသိုလ်တက်ရောက်နေသော ကျောင်းသူများကို တရုတ်(တိုင်ပေ) သင်္ဘောလိုင်းများမှ ပံ့ပိုး ကူညီပေးမည်

ရန်ကုန်ရေကြောင်း ပညာတက္ကသိုလ် အဆောက်အုံကို တွေ့ရစဉ် (ဓာတ်ပုံ-MMU)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်ရေကြောင်း ပညာတက္ကသိုလ် ၌ ပညာသင်ကြား လေ့လာလျက်ရှိသော ကျောင်းသူများကို တရုတ်(တိုင်ပေ) ကုန်တင်သင်္ဘော လိုင်းများမှ သင်္ဘောများပေါ်တွင် လာရောက် လေ့လာရန်နှင့် အလုပ်လာရောက် လုပ်ကိုင် နိုင်ရန် ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်(တိုင်ပေ) သင်္ဘောလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ရေကြောင်း ပညာတက္ကသိုလ်၌ တက်ရောက် သင်ကြားနေသော ကျောင်းသူများအား သင်္ဘောနှင့် သက်ဆိုင်သည့် သင်္ဘော တည်ဆောက်ခြင်း အပါအဝင် ဆိပ်ကမ်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများ အကြောင်းကို ဘာသာရပ်များ အနေဖြင့် သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။

တရုတ်(တိုင်ပေ) သင်္ဘောလိုင်းများသည် သင်္ဘောနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို လေ့လာသင်ကြားနေ သည့် အမျိုးသမီးများအား သင်္ဘောများပေါ်သို့ ခေါ်ယူပြီး လက်တွေ့လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ခြင်း ကို ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ နှစ်ရှည်စီမံကိန်းဖြင့် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

တရုတ်(တိုင်ပေ) သင်္ဘောလိုင်းများသည် မြန်မာနိုင်ငံအပြင် ၂ဝ၁၆ ခုနှစ်တွင် အရှေ့တောင် အာရှ နိုင်ငံတချို့ရှိ သင်္ဘောနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို သင်ကြားလေ့လာ နေသည့် အမျိုးသမီး သင်တန်းသူ များကိုလည်း ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.