Connect with us

Education & Health

စံပြကျေးရွာများရှိ ကျောင်းများကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စံပြကျောင်းများ ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

နေပြည်တော်ရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် ကလေးငယ်များ စာသင်ကြားနေစဉ်။

ရန်ကုန်၊ဇန်နဝါရီ၃ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် စံပြကျေးရွာ များရှိ အခြေခံပညာ ကျောင်းများကို စံပြကျောင်းများ ဖြစ်စေရေး အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုစီ၌ စာသင်ကျောင်း တစ်ကျောင်းစီ ရွေးချယ်၍ စံပြကျောင်း ဖြစ်စေရန် လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စာသင်ကျောင်းများ ရွေးချယ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးက တာဝန်ယူ ရွေးချယ်မည် ဖြစ်ပြီး လိုအပ်သည့် ဆရာအင်အား၊ ကျောင်း အဆောက်အအုံ အပြင်တခြား လိုအပ်ချက်များ ဖြည့်ဆည်း ပေးမည် ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စာသင်ကျောင်း ၄၅,ဝဝဝ ခန့်ရှိပြီး အခြေခံပညာ ကျောင်းသား ၈.၇ သန်းကျော် တက်ရောက် ပညာသင်ကြား နေကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.