Education & Health
ရန်ကုန်နှင့် မန္တလေးမြို့ရှိ ဆေးဆိုင်များစစ်ဆေးရာ မှတ်ပုံတင်မထားသော ဆေးဝါးများ တွေ့ရှိဟုဆို
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ဆေးဆိုင်များကို စစ်ဆေးရာတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကို စစ်ဆေး တွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောကြားသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ မတ်လမှ မေလအတွင်း ရန်ကုန် တိုင်းဒေသကြီးအတွင်း ရှိ ဆေးဆိုင် ၄၄ ဆိုင်ကို စစ်ဆေးရာ ၄၄ ဆိုင်လုံး၌ မှတ်ပုံတင် မထားသော ဆေးဝါးများ တွေ့ရှိခဲ့ပြီး မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ဆေးဆိုင် ၉၂ ဆိုင်ကို စစ်ဆေးရာ ဆိုင် ၉၀ တွင် မှတ်ပုံတင်မထားသော ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ မှတ်ပုံတင်မထားသော ဆေးဝါးများနှင့် စပ်ဆေး ပျံ့နှံ ရောင်းချမှုနှုန်း အလွန်များပြားနေမှုကို မရောင်းချရန် ပညာပေး လုပ်ငန်းများ လုပ်ဆောင်နေပြီး စစ်ဆေးတွေ့ရှိလျှင် အရေးယူသွားမည် ဖြစ်ကြောင်း ဒေါက်တာသန်းထွဋ်က ဆိုသည်။
ပြည်သူများ အနေနှင့်လည်း ဆေးဝါးများကို အလွယ်တကူ ဝယ်ယူခြင်းမျိုး မလုပ်ဘဲ ဆေးရုံဆေးခန်းများ၌ သေချာ ဝယ်ယူသောက်သုံးရန် ဒေါက်တာသန်းထွဋ်က တိုက်တွန်း ပြောကြားသည်။ (Xinhua)