Connect with us

Education & Health

အင်းလေးဒေသကို ဆေးလိပ်ငွေ့ကင်းစင်နေရာအဖြစ် ဆောင်ရွက်မည်

ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးကန်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

အင်းလေး ဒေသကို ဆေးလိပ်ငွေ့ကင်းစင်နေရာ အဖြစ် စက်တင်ဘာလ အတွင်း စတင် သတ်မှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့် ယနေ့ ဆင်ဟွာသို့ ပြောကြားသည်။

ဦးဝင်းမြင့်က “မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဆေးလိပ်ငွေ့ ကင်းစင်ရေး ဒေသအဖြစ် သတ်မှတ်မည့် အင်းလေးဒေသ ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး ဆွေးနွေးပွဲ ကိုလည်း ကျွန်တော်တို့က လုပ်ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့မှာ စတင် အကောင်အထည် ဖော်မှာပါ’’ ဟုပြောသည်။

ကမ္ဘာ့ အမွေအနှစ် ဒေသများကို ဆေးလိပ်ငွေ့ကင်းစင် ပြီး ကျန်းမာသန့်ရှင်းသော ဒေသ ဖြစ်လာစေရန် ရည်ရွယ်ချက် များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ယခုကဲ့သို့ ဆေးလိပ်ငွေ့ကင်းစင်နေရာအဖြစ် သတ်မှတ် ဆောင်ရွက်ရန် ကျန်းမာရေး ဝန်ကြီးဌာနနှင့် South East Asia Tobacco Control Alliance (SEATCA) တို့ သဘောတူထားကာ မေလ ၂၁ ရက်နှင့် ၂၂ ရက် တွင် ဖိလစ်ပိုင် နိုင်ငံ၌ ကျင်းပခဲ့သည့် 3rd Regional Meeting on Tobacco Control in ASEAN Countries အစည်းအဝေး တွင်လည်း ကြေညာခဲ့ပြီး ဖြစ်သည့် အတွက် ပုဂံဒေသ၌ စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည်။

ဆက်လက်၍ အင်းလေးဒေသနှင့် ပင်းတယ ရွှေဥမင် လိုဏ်ဂူ ပတ်ဝန်း ကျင်ကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဆေးလိပ် ကင်းစင် နယ်မြေ ကို ပညာပေး ကာလအနေဖြင့် ၁ နှစ်သတ်မှတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.