Connect with us

Education & Health

ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကြောင့် သင်ယူတတ်မြောက်သူ ဦးရေ ၅၆,ဝဝဝ ကျော်ရှိ

ဘားအံမြို့ရှိ ကျောင်းပြင်ပ မှုလတန်း ပညာရေး စာသင်ခန်းတစ်ခု (ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာန၊ ယူနီဆက်ဖ်နှင့် ပြင်ပ အလှူရှင်များက ကူညီ ပံ့ပိုးမှုများ ပြုလုပ်လျက်ရှိရာ သင်ယူ တတ်မြောက်သူ ဦးရေ ၅၆,ဝဝဝ ကျော် ရှိပြီဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟို ကြီးကြပ်မှု ကော်မတီမှ သတင်း ထုတ်ပြန်သည်။

ယခုနှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး စာသင်ခန်း ၅၇၁ ခု ဖွင့်လှစ်ထားပြီး ကျောင်းသား ၊ ကျောင်းသူ တစ်သောင်းကျော်ကို ဆရာအင်အား တစ်ထောင်ကျော်ဖြင့် ကျောင်းဖွင့်ရာသီ ဇွန်လမှ စတင်၍ ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးအဖြစ် ကျောင်းနေဖူးခြင်း မရှိသည့် ကလေးငယ်များအား မူလတန်းအောက် အဆင့်နှင့် မူလတန်း ပညာရေးကို ပြီးမြောက်သည် အထိ မသင်ကြားခဲ့ရသည့် ကလေးငယ်များအား မူလတန်း အထက်အဆင့်ဟူ၍ နှစ်နှစ်ကြာ သင်ကြားပေးနေကြောင်း၊ အဆိုပါအဆင့် အောင်မြင်ပြီးပါက အခြေခံပညာ မူလတန်းအဆင့် အောင်မြင်သည်ဟု သတ်မှတ်ပြီး အခြေခံပညာကျောင်းများတွင် ပဉ္စမတန်းမှ စတင်သင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန်ချက် အရသိရသည်။

ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီအနေဖြင့် ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝဝ၈ ခုနှစ်တွင် မြို့နယ်ငါးမြို့နယ်၌ စတင်သင်ကြားပေးခဲ့ပြီး ယခုနှစ်တွင် ၉၄ မြို့နယ်အထိ တိုးချဲ့သင်ကြားပေးလျက် ရှိကာ လက်ရှိတွင် ယင်း အစီအစဉ်မှ တစ်ဆင့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းတို့သို့ တက်ရောက် ပညာသင်ကြားသူ ဦးရေ ၄ဝဝဝ ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.