Education & Health
အစားအသောက် ၁၈ မျိုးသည် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
ဈေးကွက်များအတွင်း ရောင်းချလျက်ရှိသောအစားအသောက်များ ကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အစားအသောက် ၁၈ မျိုးသည် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်ကြေညာသည်။
ထိုအစားအသောက်များမှာ Tricer cherry စာသားပါချယ်ရီသီး၊ အမှတ်တံဆိပ်မပါ ရောင်စုံဝေဖာချောင်း၊ အမှတ်တံဆိပ်မပါ ရောင်စုံဝေဖာလုံး၊ အမှတ်တံဆိပ်မပါ တုတ်ထိုးချိုချဉ်၊ အမှတ်တံဆိပ်မပါ လခြမ်းပုံချိုချဉ်၊ အမှတ်တံဆိပ်မပါ ခေါက်မုန့် (ပန်းရောင်)၊ အမှတ်တံဆိပ်မပါ မက်မန်းပေါင်း၊ အမှတ်တံဆိပ်မပါ ပဲလိပ်ပြာ၊ အမှတ်တံဆိပ်မပါ တုတ်ထိုးချိုချဉ် (ပြား)၊ အမှတ်တံဆိပ်မပါ တုတ်ထိုးချိုချဉ် (လုံး)၊ Angry Bird စာသားပါ ဂျယ်လီ (လိမ္မော်ရောင်)၊ Lucky fish ငရုတ်ဆီ၊ ပစ်တိုင်းထောင် နနွင်းမှုန့်၊ ငွေငါးအရောင်တင်မှုန့်၊ မင်းထိုက်တန်စာသားပါ အရောင်တင်မှုန့်၊ ရွှေကံကောင်း အရောင်တင်မှုန့်၊ သစ်ဆန်းသကြားလုံး၊ ထိုင်ဝမ် ဆေးမန်ကျည်း (အစပ်) တို့မှာ ခွင့်မပြုဆေးများ အသုံးပြုထားသည့်အတွက် စားသုံးရန်မသင့်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများကို လုံးဝအသုံးမပြုရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)