Education & Health
အခြေခံပညာမူလတန်း Grade-2, Grade-3 တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို AR (သုံးဖက်မြင်ပုံရိပ်ယောင် ရုပ်လုံးကြွ)နှင့် 4D ရုပ်လုံးကြွ နည်းပညာဖြင့် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိ

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
အခြေခံပညာမူလတန်း Grade-2, Grade-3 တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို AR (သုံးဖက်မြင်ပုံရိပ်ယောင် ရုပ်လုံးကြွ)နှင့် 4D ရုပ်လုံးကြွ နည်းပညာဖြင့် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ယနေ့ ဇွန် ၂၉ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အခြေခံပညာ Grade-2 နှင့်Grade-3 တို့၏ အင်္ဂလိပ်စာဘာသာရပ်များတွင် 360ed Universe Learning Platformကို တယ်လီဖုန်း၊ တက်ဘလက်များတွင် အင်တာနက် ချိတ်ဆက်အသုံးပြုရန်မလိုဘဲ အခမဲ့သင်ထောက်ကူ အပလီကေးရှင်း ထည့်သွင်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အပလီကေးရှင်းကို လက်ကိုင်ဖုန်းများတွင်ဒေါင်းလုတ် ရယူပြီးပါက အင်တာနက်ချိတ်ရန်မလိုဘဲ Offline ဆက်လက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနက ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖြန့်ဝေမည့် Grade-2, Grade-3 ကျောင်းသုံးပုံနှိပ်စာအုပ်များ၏ ကျောဘက်တွင်၎င်းအပလီကေးရှင်းကို ဒေါင်းလုတ်ရယူနိုင်ရန် Scan Code ထည့်ထားပေးမည်ဖြစ်ပြီး မိုဘိုင်းဖုန်းရှိပါက ကျောင်းချိန်ပြင်ပတွင်လည်း ကိုယ်တိုင်လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)