Connect with us

Education & Health

အခြေခံပညာမူလတန်း Grade-2, Grade-3 တွင်  အင်္ဂလိပ်စာ ဘာသာရပ်ကို AR (သုံးဖက်မြင်ပုံရိပ်ယောင် ရုပ်လုံးကြွ)နှင့် 4D  ရုပ်လုံးကြွ နည်းပညာဖြင့် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိ

အခြေခံပညာကျောင်းတွင် စာဖတ်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) 

အခြေခံပညာမူလတန်း Grade-2, Grade-3 တွင်  အင်္ဂလိပ်စာ ဘာသာရပ်ကို AR (သုံးဖက်မြင်ပုံရိပ်ယောင် ရုပ်လုံးကြွ)နှင့် 4D  ရုပ်လုံးကြွ နည်းပညာဖြင့် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ယနေ့ ဇွန်  ၂၉ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

 အခြေခံပညာ Grade-2 နှင့်Grade-3 တို့၏ အင်္ဂလိပ်စာဘာသာရပ်များတွင် 360ed Universe Learning Platformကို တယ်လီဖုန်း၊ တက်ဘလက်များတွင် အင်တာနက် ချိတ်ဆက်အသုံးပြုရန်မလိုဘဲ အခမဲ့သင်ထောက်ကူ အပလီကေးရှင်း ထည့်သွင်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အပလီကေးရှင်းကို လက်ကိုင်ဖုန်းများတွင်ဒေါင်းလုတ် ရယူပြီးပါက အင်တာနက်ချိတ်ရန်မလိုဘဲ Offline ဆက်လက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊   ပညာရေး ဝန်ကြီးဌာနက ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖြန့်ဝေမည့်  Grade-2, Grade-3 ကျောင်းသုံးပုံနှိပ်စာအုပ်များ၏ ကျောဘက်တွင်၎င်းအပလီကေးရှင်းကို ဒေါင်းလုတ်ရယူနိုင်ရန် Scan Code  ထည့်ထားပေးမည်ဖြစ်ပြီး မိုဘိုင်းဖုန်းရှိပါက ကျောင်းချိန်ပြင်ပတွင်လည်း ကိုယ်တိုင်လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။  (Xinhua)