Education & Health
ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူ ၉၄ ဦးထိ မြင့်တက်
ရန်ကုန် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် သြဂုတ် ၁၃ရက်အထိ သေဆုံးသူ ၉၄ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါကြောင့် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၃ ရက် အထိ ဖြစ်ပွားသူ ဦးရေမှာ ၅၂၀ဦး ရှိရာ သေဆုံးသူ ၉၄ ဦးထိ ရှိလာပြီး ရာသီတုပ်ကွေးရောဂါဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၁၂၅၂ဦး ရှိကြောင်း သိရသည်။
သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၅ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၁၁ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၇ ဦး၊မွန်ပြည်နယ်တွင် ၃ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၂ ဦး၊ရှမ်းပြည်နယ်(တောင်ပိုင်း) ၁ ဦး၊ကချင်ပြည်နယ်တွင် ၁ဦးနှင့် ရခိုင်ပြည်နယ်တွင် ၁ဦးတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ် ၉ခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09)ဖြစ်ပွားလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ဦးရေအများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယအများဆုံး ပဲခူးတိုင်းဒေသကြီး ရောဂါဖြစ်ပွားနေကြောင်း သိရသည်။(Xinhua)
」