Connect with us

News

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူ ၁၀၂ ဦးထိ မြင့်တက်

ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၂၃ရက်အထိ သေဆုံးသူ ၁၀၂ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါကြောင့် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၂၃ ရက် အထိ ဖြစ်ပွားသူ ဦးရေမှာ ၅၈၀ဦး ရှိရာ သေဆုံးသူ ၁၀၂ ဦးထိ ရှိလာပြီး ရာသီတုပ်ကွေးရောဂါဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၁,၃၈၆ဦး ရှိကြောင်း သိရသည်။

သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၆ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၁၃ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၉ ဦး၊မွန်ပြည်နယ်တွင် ၃ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၃ ဦး၊ရှမ်းပြည်နယ်(တောင်ပိုင်း) ၁ ဦး၊ကချင်ပြည်နယ်တွင် ၁ဦး၊ တနင်္လာရီတိုင်းဒေသကြီး ၁ ဦးနှင့် ရခိုင်ပြည်နယ်တွင် ၂ဦးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ် ၁၀ခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09)ဖြစ်ပွားလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ဦးရေအများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယအများဆုံး ပဲခူးတိုင်းဒေသကြီး တို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.