Education & Health
နှလုံးနှင့်ကျောက်ကပ်ရောဂါ ကုသရာတွင် One Stop Service ပြုလုပ်နိုင်သော Kan Thar Yarဆေးရုံဖွင့်လှစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
နှလုံးနှင့်ကျောက်ကပ်ရောဂါ ကုသရာတွင် One Stop Service ပြုလုပ်နိုင်သော Kan Thar Yar International Specialist Hospitalကို ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နှလုံးနှင့်ကျောက်ကပ်ရောဂါ များကို အထူးကုသရာတွင် (One Stop Service Center) တစ်နေရာ တည်း၌ပင် ပြည့်စုံလုံလောက်သော ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်စေရန် ၊နိုင်ငံသားများပြည်ပနိုင်ငံများသို့ သွားရောက်ဆေးကုသ ခံယူခြင်းအစား နိုင်ငံအတွင်းတွင် စရိတ်မျှတ၍ ကိုယ်စိတ်ချမ်းသာစွာဖြင့် ကုသခံနိုင်ရန်၊ ဆေးရုံနှင့်လူနာ မမျှတမှုကိုဖြည့်ဆည်းပေးနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက်လာ စေရန်၊ အဆင့်မြင့်ရောဂါရှာဖွေ ကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများနှင့် နည်းပညာ အဆင့်မြင့်မားသည့်ကုသမှုများကို ပြည်သူလူထု အများရရှိနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတကာအဆင့်မီ ကန်သာယာ အထူးကုဆေးရုံကြီးကို တည်ဆောက်ဖွင့်လှစ် ထားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံတွင် နှလုံးပြင်ပလူနာကုသမှုဌာန၊ ကျောက်ကပ်ပြင်ပလူနာကုသမှုဌာန၊ နှလုံး သွေးကြောချဲ့ကုသမှုဌာန၊ ကျောက်ကပ်သွေးသန့်စင်ကုသမှုဌာန၊ နှလုံးဆိုင်ရာအထူး ကြပ်မတ်ကုသမှုဌာန၊ အရေးပေါ်ကုသမှုဌာန၊ ခွဲစိတ်ခန်းမကြီးများနှင့်ဖွဲ့စည်းထားရှိကြောင်း သိရသည်။
မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ Kan Thar Yar International Specialist Hospital ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Kan Thar Yar International Specialist Hospital သည် ရန်ကုန်မြို့၊ အမှတ်(၈၇)၊ ပြည်လမ်း ၆ မိုင်ခွဲ၊ အင်းယားကန်ဘောင် အနီးတွင် တည်ရှိသည်။(Xinhua)