Connect with us

Education & Health

မုံရွာမြို့၌ ကျပ်သိန်း၃၀၀ကျော်တန်ဖိုးရှိ သက်တမ်းလွန် ဆေးဝါးများ မီးရှို့ဖျက်ဆီး

သက်တမ်းလွန် ဆေးဝါးများ မီးရှို့ဖျက်ဆီးနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကျပ်သိန်း၃၀၀ကျော်တန်ဖိုးရှိ သက်တမ်းလွန် ဆေးဝါးများအား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ မီးရှို့ဖျက်ဆီးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ဆေးဝါးမျိုးစုံ ၉၅၅ မျိုးနှင့် ငပိ၊ လက်ဖက်၊ ဝေဖာ၊ ယို စသည့် အစားအသောက် ၇ မျိုးတို့၏ တန်ဖိုး ကျပ်သိန်းပေါင်း ၃၁၂ သိန်းကျော်ဖိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ကာလတန်ဖိုး ကျပ်သိန်း ၄၀ ကျော်ဖိုးရှိ အစားအသောက်နှင့် ဆေးဝါးအမျိုးအစား ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များရှိ ဈေးများနှင့် ဆေးဆိုင်များ မှ ပြည်သူပိုင် သတင်းစာများတွင် စားသုံးရန် မသင့်ဟု ထုတ်ပြန် ကြေညာထားသော ခွင့်မပြု ဆိုးဆေးများနှင့် တားမြစ်ဓာတုပစ္စည်းများပါရှိသည့် စားသောက်ကုန်များ၊ သက်တမ်းလွန် ဆေးဝါးများ၊ ဆေးဝါးအတုများနှင့် တရားမဝင်ဆေးဝါးများကို မုံရွာမြို့နယ် ကိုင်းတော အမှိုက်စွန့်ပစ်ကွင်းတွင် ယနေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.