Connect with us

Education & Health

ယခုနှစ် Grade-1 ကျောင်းသား ကျောင်းသူ ကလေးငယ်များအားလုံး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 သင်ရိုးသစ်ဖြင့် သင်ယူရမည်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအားတွေ့ရစဉ် (ဓာတ်ပုံ--ပညာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် (၆)နှစ်အရွယ်ကလေးများ Grade-1 သင်ရိုးသစ် တွင် ကျောင်းအပ်လက်ခံခဲ့ပါကြောင်း၊ ယခုနှစ် Grade-1 ကျောင်းသား ကျောင်းသူ ကလေးငယ်များအားလုံး သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် Grade-2 သင်ရိုးသစ်ဖြင့် သင်ယူရမည်ဖြစ်ပါကြောင်း၊ ကျန် ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာ ဆရာမလက်စွဲ သင်ရိုး ညွှန်းတမ်းများအားလုံးကို ၂၀၂၂-၂၀၂၃ တွင် အပြီးရေးဆွဲမည်ဖြစ် ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ၁၁ တန်းပညာရေးမှ KG +12 ပညာရေးကိုပြောင်းလဲ ရာတွင် လက်ရှိ ၂တန်းတိုးလာသော ကျောင်းသားအရေအတွက်နှင့် ကိုက်ညီသော ဆရာ ဆရာမ တိုးမြှင့်ခန့်ထားပေးရန် လိုအပ် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 ဖတ်စာအုပ်သစ်များအတွက် မူလတန်းပြ ဆရာ ဆရာမများ အားလုံး ကို သင်တန်းများပေးရန်လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်း များတွင် ဆရာ ကျောင်းသား အချိုးမျှတရေး၊ စာသင်ခန်းလိုအပ်ချက် များဖြည့်ဆည်းရေးတို့ကို စီမံကိန်းများရေးဆွဲပြုစု၍ အလေးထားဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကျောင်းသုံးဖတ်စာအုပ် များတွင် ကျောင်းသား ကျောင်းသူများအား လူသားကောင်းများ ဖြစ်အောင်၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ တာဝန်ယူ တာဝန်ခံဆောင် ရွက်တတ်စေရန်၊ တီထွင် ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်ပေးနိုင်ရေး ထည့်သွင်းရေးဆွဲရမည်ဖြစ်ပါကြောင်း၊ လက်ရှိသင်ရိုးညွှန်းတမ်း ရေးဆွဲသူများအနေ ဖြင့် လက်ရှိအခြေအနေ များနှင့်လိုက်လျောညီထွေဖြစ်၍ အရည်အသွေးကောင်းသော သင်ရိုးညွှန်းတမ်းများ ရေးဆွဲရန် အလေးအနက်ထား ဆောင်ရွက်ရမည်ဖြစ် ပါကြောင်းနှင့် ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီဝင် များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့များ အနေဖြင့် အားလုံးဝိုင်းဝန်း ကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြစေ လိုကြောင်းဖြင့်ဒေါက်တာမျိုးသိမ်းကြီး ၏ ပြောကြားချက်အရ သိရသည်။

ကျောင်းထွက်နှုန်းမြင့်မားခြင်းကြောင့် ကျောင်းသူ ကျောင်းသားများအနေဖြင့် သင်ယူမှုအခွင့် အလမ်းပိုမိုရရှိစေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီပြီး သွား လာရေး ခက်ခဲသောနေရာများတွင် ကျောင်းအဆင့် တိုးခြင်းများကို တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သင်ရိုး ညွှန်းတမ်းပြုစုရေးဆွဲသူများအနေဖြင့် ကျောင်းသုံးဖတ်စာအုပ်များကိုရေး ဆွဲရာတွင် မြေပြင်ပေါ်တွင်ကြုံ တွေ့နေ ရသည့် ဆရာ၊ စာသင်ခန်း၊ စာသင်ချိန် စသည်တို့နှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အခြေခံပညာကဏ္ဍ မူလတန်းပညာရေးသည် အရေးအကြီးဆုံး ဖြစ်ပါကြောင်း၊ Grade1, Grade2, Grade3 ကျောင်းသားကျောင်းသူအားလုံးကို ဆရာ ဆရာမများက စာဖတ်နိုင်ရန်၊ စာရေးနိုင်ရန်၊ အခြေခံသင်္ချာတွက်နိုင်ရန် သင်ကြားသင်ယူလေ့ကျင့်ပေးပါက တစ်သက်လုံး အတွက် စာရေးနိုင် စာဖတ်နိုင် တွက်ချက်နိုင်မည်ဖြစ်ပါကြောင်း၊ ဘာသာရပ်သင်ကြား ပို့ချသူများအနေဖြင့် အထူးပြုဘာသာရပ်နှင့် သင်ကြားသည့် ဘာသာရပ်ကိုက်ညီမှုရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမ များအား အရည်အသွေးပြည့်မီသော သင်ကြားသင်ယူမှုနည်းစနစ် သင်တန်းများပေးရန်လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.