Education & Health
ရန်ကုန်တိုင်းဒေသကြီရန်ကုန်တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ဝန်ထမ်းများ Quarantine ဝင်ရမည် ဖြစ်၍ လုပ်ငန်းများခေတ္တရပ်နားထားကြောင်းထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (YGN FDA)မှ ဝန်ထမ်းများသည် COVID-19 ရောဂါပိုးရှိလူနာ နှင့် ထိတွေ့မှုရှိသဖြင့် စက်တင်ဘာ ၁၁ရက်မှ စ၍ Quarantine ဝင်ရမည်ဖြစ်သောကြောင့် လုပ်ငန်းများ အားလုံးခေတ္တရပ်နားထောင်းကြောင်း စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “YGN FDA နဲ့ ပတ်သက်တဲ့ ကိစ္စ တွေ ရန်ကုန်ရုံးကလူတွေ Quarantine ဝင်နေတဲ့ အချိန်မှာ နေပြည်တော် FDA မှာ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်’’ ဟုပြောသည်။
အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံး၏ လုပ်ငန်း ဆောင်တာများကို စင်တင်ဘာ ၁၁ ရက်မှ စ၍ ဝန်ထမ်းများတာဝန်ပြန်လည်ထမ်းဆောင်ခွင့်ရရှိသည်အထိ ခေတ္တရပ်နားထားမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။ လုပ်ငန်းဆောင်ရွက်မှုများ နှင့်ပတ်သက်၍ အစားအသောက်ဌာနခွဲ (ဖုန်း-၀၉၇၇၆၈၂၄၀၈၂)၊ ဆေးဝါးဌာနခွဲ (ဖုန်း-၀၉၉၅၅၄၂၅၅၈၈)၊ ဆေးပစ္စည်း/အလှကုန် နှင့် လူသုံးကုန်ဌာနခွဲ (ဖုန်း-၀၉၄၅၃၇၆၅၇၈၅) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ (Xinhua)