Connect with us

Education & Health

နေပြည်တော်၊ တပ်ကုန်း၌ မွေးဖွားသည့် ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းဆို

ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ်အားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Digital News)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀)တွင် ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ် တစ်ဦး စက်တင်ဘာ (၁၆) ရက် ညပိုင်းတွင် အောင်မြင်စွာမွေးဖွားခဲ့ပြီး၊ စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော် ဥတ္တရသီရိဆေးရုံခုတင် ၅၀၀ သို့ ပို့ဆောင်ကာ  အထူးကြပ်မတ်၍ လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်း နေပြည်တော် တပ်ကုန်းမြို့နယ်  ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်း က ဆင်ဟွာသို့ စက်တင်ဘာ ၁၈ ရက် တွင်ပြောသည်။

“ကလေးက မွေးဖွားတဲ့အချိန် ပုံမှန်မဟုတ်တာက လွဲလို့ ကျန်းမာရေးကမဆိုးပါဘူး။ကောင်းမွန်ပါတယ်။သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက အထူးကြပ်မတ်ပြီးလိုအပ်တာတွေ ကိုဆောင်ရွက်ပေးနေပါတယ်။ အခြေအနေတည်ငြိမ်ပါတယ်’’ ဟုဒေါက်တာထွန်းထွန်းက ပြောကြားခဲ့သည်။

ရွှေမြို့တိုက်နယ်ကျန်းမာရေးဌာန၊ ဆင်သေကျေး လက်ကျန်းမာရေးဌာနခွဲ အောက်တွင်ရှိသည့် တောင်ရွေးစုကျေးရွာနေ အသက် (၂၉) နှစ်ရှိ ကိုယ်ဝန်ဆောင်မိခင် မအေးစန္ဒာမြင့်သည် ကိုယ်ဝန်ဆောင်ကာလ (၃၇) ပတ်ကျော်ရှိပြီး စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် (၁)နာရီ ကျော်တွင် ဗိုက်နာခဲ့သဖြင့် ည(၈) နာရီခန့်တွင် တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀) သို့ရောက်ရှိလာခဲ့ကြောင်း၊ ကလေးမှာ တင်ပဆုံနှင့် ဦးတိုက်အနေအထားရှိနေပြီး ရိုးရိုးမွေးဖွားရန် ခက်ခဲသည့်အတွက် ည(၉)နာရီ (၂၇) မိနစ်တွင် ခွဲစိတ်မွေးဖွားခဲ့ရာ ဦခေါင်းနှစ်လုံးဖြစ်နေကြောင်းသိရသည်။

လက်ရှိအချိန်တွင် ကလေးမိခင်သည် နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀) တွင် ကျန်းမာရေးစောင့် ရှောက်မှုခံယူလျက်ရှိနေပြီး ကလေးငယ်သည် မွေးရာပါချို့ယွင်းချက်ဖြစ်ကြောင်း၊ ဦးခေါင်းနှစ်လုံးပါ၊ ကိုယ်အလေးချိန် (၂ ဒသမ ၅) ကီလိုဂရမ်၊ ငါးပေါင်ခန့်ရှိနေပြီး မွေးကင်းစအထူးစောင့်ရှောက်မှုပေးရန် လိုအပ်သည့် အတွက် နေပြည်တော် ဥတ္တရသီရိဆေးရုံ ခုတင်(၅၀၀)ကလေးအထူးကုဌာနတွင် ကလေးအထူးကုဆရာဝန် များ၏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိနေကြောင်း သိရသည်။

ယခုလက်ရှိတွင် ကလေး၏ ကျန်းမာ ရေးအခြေအနေသည် တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း၊ ပြီးခဲ့သည်တစ်နှစ်အတွင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀) တွင် လမစေ့သည့် ရင်ချင်း ဆက်အမွှာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာ န ၏ သတင်းဖော်ပြချက်အရ သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.