Connect with us

Education & Health

၂ဝ၂ဝ-၂ဝ၂၁  ပညာသင်နှစ်အတွက်     သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့်   ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများအတွက် သင်တန်းသားဦးရေ တိုးမြှင့်ခေါ်ယူမည် 

သူနာပြုသားဖွား ဒီပလိုမာ သင်တန်းဆင်းပွဲတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ သူနာပြုသားဖွားသင်တန်း ကျောင်းများ၌ ၂ဝ၂ဝ-၂ဝ၂၁  ပညာသင်နှစ်အတွက်     သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့်   ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများအတွက် သင်တန်းသားဦးရေ ၄၀၀၀ ကျော် အထိ တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်းကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး နှင့်လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ဆင်ဟွာသို့ ယနေ့သြဂုတ် ၁၉ ရက် တွင် ပြောသည်။

“အရင်နှစ်တွေ က သူနာပြုဒီပလိုမာ တန်းအတွက် အလွန်ဆုံးခေါ် အယောက် ၃၆၀၀ လောက်ပါ။ ဒီနှစ် ကတော့ ပိုခေါ်ယူဖြစ်မှာပါ။ သူနာပြုလိုအပ်မှုအရ ခေါ်ယူခြင်းဖြစ်ပါတယ်။ နှစ်စဉ်ပေးနေကျဖြစ်တဲ့ စတိုင်ပင် တစ်ယေက်ကို တစ်လ၃၀,၀၀၀ ကျပ်ကို ပုံမှန်အတိုင်းဆက်ပေးဖြစ်မှာပါ’’ ဟု ၎င်းကပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ သူနာပြုသားဖွားသင်တန်း ကျောင်းများ၌ ၂ဝ၂ဝ-၂ဝ၂၁  ပညာသင်နှစ်အတွက်     သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့်   ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို ၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ     တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး ၂ဝ၂ဝ ပြည့်နှစ် မတ်လတွင် တက္ကသိုလ်ဝင် စာမေးပွဲ    ဖြေဆိုအောင်မြင်သူများ လျှောက်ထား၍ မရကြောင်း၊သင်တန်း တက်ရောက်မည့်သူများကို တက္ကသိုလ်ဝင် စာမေးပွဲအောင်ရမှတ်များမှ  မြန်မာ၊ အင်္ဂလိပ်၊  သင်္ချာ သုံးဘာသာ ရမှတ်ပေါင်းပေါ်မူတည်၍  ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။ 

လျှောက်လွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ၌ ရယူကာ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၂၈ ရက်ထက် နောက်မကျဘဲ လျှောက်ထားနိုင်ကြောင်း သိရသည်။သို့သော် သင်တန်းကာလအတွင်း ပျက်ကွက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ချိုးဖောက်လျှင်ဖြစ်စေ သူနာပြုသားဖွား ဒီပလိုမာသုံးနှစ် သင်တန်းအတွက် ငွေကျပ် ရှစ်သိန်းတိတိ၊  ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းအတွက် ငွေကျပ် သုံးသိန်းတိတိ ပေး လျော်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊သင်တန်းအောင်မြင်ပြီး  (အမှတ်ဖြင့် အထူးကိစ္စရပ်ဖြင့် ရွေးချယ်)သူများကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို လိုအပ်ချက်ရှိသော တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌   အနည်းဆုံးသုံးနှစ် မပျက်မကွက်  တာဝန် ထမ်းဆောင်နိုင်သူဖြစ် ရမည်ဟု ဒေါက်တာတင်ထွန်း ၏ ပြောကြားချက်အရသိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.