Environment, Disasters & Accidents
ကုလားတန်မြစ် နှင့် လေးမြို့မြစ်ရေများ မြင့်တက်နိုင်ကြောင်းမိုးဇလထုတ်ပြန်
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
ကုလားတန် (ကစ္စပနဒီ) မြစ် နှင့် လေးမြို့မြစ်ရေ များ မြင့်တက်လာနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အကြံပြုချက် ထုတ်ပြန်သည်။
ကုလားတန်(ကစ္စပနဒီ) မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ကြောင်း သိရသည်။
လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၄)ပေခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက် (၂) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)