Connect with us

Environment, Disasters & Accidents

လာမည့် ၇၂ နာရီ အတွင်း ရခိုင်ပြည်နယ်တွင် မိုးဆက်လက်ကြီးနေမည်

မိုးလေဝသခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုးတန်းဒေသ)တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း နောက်(၇၂)နာရီအတွင်း ရခိုင်ပြည်နယ်တွင် မိုးဆက်လက်ကြီး နေမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း မိုးဆက်လက်ကြီးနေမည်ဖြစ်ပါသောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်ခြင်း၊ ကမ်းရိုးတန်းအနီးတွင် နေထိုင်ကြသူများအနေ ဖြင့် မိုးထစ်ချုန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်ခြင်း တို့ကြောင့် ကြိုတင်သတိပြုနိုင်ရန် မိုးဇလ မှ သတိပေးချက် ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.