Connect with us

Environment, Disasters & Accidents

မိုးသည်းထန်စွာ ရွာသွန်းရာမှတစ်ဆင့် လျှပ်တပြက် ရေကြီးခြင်းများ၊ မြေပြိုမှုများ သတိထားရန် လိုအပ်


ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

ယခုအခါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ ရှိသည့် အချိန်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည့် အတွက် ပုံမှန် ရေကြီး ရေလျှံခြင်းမျိုး သာမက မိုးသည်းထန်စွာ ရွာသွန်းရာ မှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် လျှပ်တပြက် ရေကြီးခြင်းများ ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း သတိထားရန် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ရေဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ ၊ တောင်ပေါ်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပါက တောင်ကျရေများ ကျဆင်းမှုကြောင့် မြန်မာနိုင်ငံအလယ် ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း ဒေသကြီးတို့တွင် လျှပ်တပြက် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သည်ကို အထူးသတိပြုရမည် ဖြစ်ကြောင်း သိရသည်။

ရေဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး ပညာပေး စာစောင်(ဓာတ်ပုံ- Relief and Resettlement Department – Myanmar)

ယခုအချိန်ကာလသည် မိုးရွာသွန်းမှုများပြားသည့် အချိန်ကာလဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စတင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ အကြံပြုချက်များ အတိုင်း ကြိုတင် ပြင်ဆင်ရန်၊ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာဆောင်ရွက်ပေးပါရန် ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အနေဖြင့်လည်း သဘာဝဘေးဖြစ်ပွားပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက် ပေးလျက်ရှိရာ ပြည်သူများ အနေဖြင့်လည်းပူးပေါင်းပါဝင်ပေးကြပါရန်နှင့်လိုအပ်ချက်များရှိပါက Hotline ဖုန်းနံပါတ်များဖြစ်သော (၀၆၇-၄၀၄၆၆၆) နှင့် (၀၆၇-၄၀၄၇၇၇)များသို့ ဆက်သွယ်သတင်းပေးပို့ခြင်း၊ အကူအညီရယူခြင်းများ ဆောင်ရွက် ပေးပါရန် အသိပေး နှိုးဆော် ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.